ဂမ်ဘီယာနှင့် မြန်မာအမှု အိုင်စီဂျေ တရားရုံးဆုံးဖြတ်ချက်ချမည်
DVB
·
January 15, 2020
အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂၃ ရက် ဆုံးဖြတ်ချက်ချမယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်မှာ ထုတ်ဖော်ပြောထားပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာနိုင်ငံတကာသဘောတူညီချက်ကို မြန်မာနိုင်ငံက ဖောက်ဖျက်တယ်ဆိုပြီး ကြားဖြတ်စီမံဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက အိုင်စီဂျေ တရားရုံးမှာ တောင်းဆိုထားဖြစ်ပါတယ်။
ဒီအမှုကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့ အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အိုင်စီဂျေ တရားရုံးမှာ နှစ်ဖက်ကြားနာလျှောက်လဲခဲ့ကြရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားရောက်ခဲ့ပြီး မြန်မာဘက်က ငှားရမ်းတဲ့ ရှေ့နေတွေက တဖက်က စွပ်စွဲချက်တွေကို ပြန်လည်ချေပခဲ့ပါတယ်။