နေတိုး၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သည့် ‘မြက်နု’ရုပ်ရှင် ရုံတင်မည်(နမူနာ)
DVB
·
January 15, 2020

နာမည်ကြီး သရုပ်ဆောင် နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ‘မြက်နု’ရုပ်ရှင်ကို လာမယ့် ဇန်နဝါရီ ၂၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကိုတော့ ရွှေမြန်မာရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုးနီလွင်ရဲ့ ဇာတ်လမ်း/ဇာတ်ညွှန်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားထဲ မှာတော့ အသက်အရွယ်ကွာဟတဲ့သူ ၂ ဦးကြားက ချစ်ခြင်းမေတ္တာ၊ ဇာတ်ဝင်ခန်းပုံရိပ် တွေကို အကယ်ဒမီထူးချွန်ဆုရ ဝါရင့်သရုပ်ဆောင် ၂ ယောက်ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ဘယ်လိုပုံဖော်ထားမလဲဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာပါ။
ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ မုဏ်း၊ နေဆန်း၊ ခင်ဇာခြည်ကျော်၊ တို့နဲ့အတူ ကလေးသရုပ်ဆောင် အားကိုးရာစတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထား ကြတာ ဖြစ်ပါတယ်။