DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ အကူပစ္စည်း​ ဒုက္ခသည်များ​ထံ မ​ရောက်​သေး
DVB
·
February 20, 2013
ကုလသမဂ္ဂ အကူပစ္စည်း​ ဒုက္ခသည်များ​ထံ မ​ရောက်​သေး
Donate to DVB

ကချင်ပြည်နယ် ဖား​ကန့်​ဒေသကို ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂနဲ့​ နိုင်ငံတကာက ကူညီကယ်ဆယ်​ရေး​အဖွဲ့​က လူသား​ချင်း​စာနာမှုဆိုင်ရာ အကူအညီ​ပေး​ရေး​ ပစ္စည်း​တွေကို မဖြန့်​ဝေရ​သေး​ဘူး​လို့​ ဖား​ကန့်​ဒေသခံ​တွေက ​ပြောကြပါတယ်။

ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့​က ဖား​ကန့်​မြို့​နယ် လုံခင်း​မှာ ညအိပ်သွား​ပြီး​ အနီး​အနား​က ဒုက္ခသည်စခန်း​တွေကို သွား​ရောက် ​လေ့​လာစစ်​ဆေး​ခဲ့​တာရှိပြီး​ ပစ္စည်း​ဝေတာ​တွေ မလုပ်​ဆောင်ခဲ့​ဘူး​လို့​ ဖား​ကန့်​မြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဒုဥက္ကဋ္ဌ ဦး​တင်စိုး​က ​ပြောပါတယ်။

“မ​နေ့​ကအထိ​တော့​ ပစ္စည်း​တွေ​ဝေတာ မကြား​ရ​သေး​ဘူး​။ ဒုက္ခသည်စခန်း​တွေမှာ ဒုက္ခသည်​တွေနဲ့​ လိုက်​တွေ့​တယ်။ လိုအပ်ချက်​တွေ လိုက်​မေး​တယ်။ အ​ထောက်အကူပြုမှု​တွေကို ဘယ်အဖွဲ့​အစည်း​တွေက ​ပေး​တယ်ဆိုတာ လိုက်လံ​မေး​မြန်း​တယ်။ ဒီ​နေ့​တော့​ ကား​တန်း​တွေကို မ​တွေ့​ရ​တော့​ဘူး​။ ဒီ​နေ့​ ဖား​ကန့်​နဲ့​ ဆိတ်မူဘက်ကို သွား​တယ်လို့​ သိရတယ်။”

လုံး​ခင်း​ဒေသမှာ ဒုက္ခသည်စခန်း​ ၉ ခုနဲ့​ စခန်း​မှာ ခိုလှုံသူ ၂၇၀၀ ​လောက်ရှိ​နေတယ်လို့​ သိရပါတယ်။ ကုလသမဂ္ဂနဲ့​နိုင်ငံတကာအဖွဲ့​အစည်း​တွေက အမှုထမ်း​တွေပါဝင်တဲ့​ ကား​ ၁၀ စီး​ပါယာဉ်တန်း​မှာ ဖား​ကန့်​ဒေသက ဒုက္ခသည်​တွေအတွက် ဆန်၊​ ဆီ၊​ ဆား​၊​ အ​ခြောက်အခြမ်း​ ရိက္ခာ​တွေနဲ့​ ​စောင်၊​ ခြင်​ထောင်၊​ ​ဆေး​ဝါး​နဲ့​ ​ရေသန့်​ကိရိယာ စတဲ့​ ပစ္စည်း​တွေ သယ်​ဆောင်လာတာပါ။

ကုလသမဂ္ဂနဲ့​ နိုင်ငံတကာအဖွဲ့​အစည်း​က အမှုထမ်း​တွေဟာ ​ဒေသခံအာဏာပိုင်​တွေနဲ့​ ပူး​တွဲလုပ်​ဆောင်တာ ရှိ​ပေမယ့်​ ​ဒေသခံလူမှုအဖွဲ့​အစည်း​တွေနဲ့​ ပူး​တွဲလုပ်​ဆောင်တာ မရှိ​သေး​ဘူး​လို့​ ဦး​တင်စိုး​က ​ပြောပါတယ်။

ရန်ကုန်အ​ခြေစိုက် ကုလသမဂ္ဂပြန်ကြား​ရေး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​အေး​ဝင်း​က​တော့​ ကချင်ပြည်နယ် ဖား​ကန့်​ ​ဒေသကို ​ရောက်ရှိ​နေတဲ့​ အကူအညီ​ပေး​ရေး​အဖွဲ့​က​နေ အ​သေး​စိတ်အချက်အလက် မရ​သေး​ဘူး​လို့​ ဒီဗွီဘီကို ​ပြောပါတယ်။

ကုလသမဂ္ဂနဲ့​ နိုင်ငံတကာအဖွဲ့​စည်း​တွေက လူသား​ချင်း​စာနာမှုဆိုင်ရာ အ​ထောက်အကူပစ္စည်း​တွေကို ဖား​ကန့်​ဒေသတင်မကဘဲ အခြား​ အစိုး​ရ ထိန်း​ချုပ်မှုမရှိတဲ့​ ​ဒေသက ဒုက္ခသည်စခန်း​တွေကိုပါ မကြာခင် သွား​ရောက် အကူအညီ​ပေး​နိုင်​တော့​မယ်လို့​လည်း​ ဦး​အေး​ဝင်း​က ဆိုတယ်။

ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ် ဇွန်လက အစိုး​ရတပ်​တွေနဲ့​ ​ကေအိုင်​အေအကြား​ တိုက်ပွဲ​တွေ ပြန်ဖြစ်ကတည်း​က စစ်​ရှောင်ဒုက္ခသည်​ပေါင်း​ ၈၀,၀၀၀ ​ကျော် ရှိမယ်လို့​ ကုလသမဂ္ဂက ခန့်​မှန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013