Monday, June 5, 2023
HomeLead Storyအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်သစ်များဖြင့် ပြင်ဆင်ဖွဲ့စည်း

အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင်သစ်များဖြင့် ပြင်ဆင်ဖွဲ့စည်း

အရင်အစိုးရလက်ထက်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို သမ္မတက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီး ကော်မရှင်ကို အဖွဲ့ဝင်သစ်တွေနဲ့ အစားထိုး ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်၊၊

ကော်မရှင်သစ်ရဲ့ ဥက္ကဋ္ဌအဖြစ် အာဆီယံအစိုးရချင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာ ကိုယ်စားလှယ် ဦးလှမြင့် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၁ ဦးနဲ့ဖွဲ့စည်းလိုက်တဲ့အကြောင်း   နိုင်ငံတော်သမ္မတရုံးက ကြေညာထားပါတယ်။

ကော်မရှင်ရဲ့ဒု ဥက္ကဋ္ဌအဖြစ် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန  အမြဲတမ်း အတွင်းဝန်ဟောင်း ဒေါက်တာနန္ဒမွှန်းကို တာဝန်ပေးထားပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေထဲမှာတော့ အထူးစုံစမ်းစစ်ဆေးရေးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က  အရာရှိဟောင်းတွေပါဝင်သလို ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်ရုံးက အရာရှိဟောင်း တွေအပြင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခနဲ့ ဆေးသိပ္ပံဌာနက ညွှန်ချုပ်ဟောင်း တို့လည်း ပါဝင်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေကို ရွေးချယ်ခန့်ထားရာမှာ အစိုးရဝန်ထမ်းဟောင်း တွေသာ အများဆုံးပါဝင်နေပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတွေ ပါဝင်ခြင်းမရှိဘူးလို့ ဝေဖန်ချက်တွေ ထွက်ပေါ်နေပါတယ်။

အရင်က အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဥက္ကဋ္ဌ ဦးဝင်းမြ ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အဖွဲ့ဝင်ထဲမှာ အမျိုးသမီး ၁ ဦးသာပါဝင်ခဲ့ပါတယ်။  အခုအသစ်ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်သစ်မှာတော့ အမျိုးသမီး ၃ ဦးပါဝင်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular