Home
သတင်းဓာတ်ပုံ
ဂျပန်နိုင်ငံတွင် လူငယ်များကို အလေးထားသည့်အနေဖြင့် အရွယ်ရောက်သူ‌များနေ့ ကျင်းပ
ဇော်ဇော်လှိုင်
·
January 14, 2020
82334708_10221814147760873_1143463514174652416_o
81958191_10221814156481091_8283850861432537088_o
82773152_10221814147480866_9195681296070737920_o
ဂျပန်နိုင်ငံအနေနဲ့ လူငယ်လူရွယ်တွေကို တန်ဖိုးထား ဂရုစိုက်တာကို ပြသတဲ့အနေနဲ့ ဇန်နဝါရီလရဲ့ ဒုတိယအပတ် တနင်္လာနေ့ကို အရွယ်ရောက်သူများနေ့ အစိုးရရုံးပိတ်ရက် အဖြစ်သတ်မှတ်ကာ မြို့နယ်အသီးသီးမှာ အခမ်းအနား ကျင်းပဂုဏ်ပြုပေး ကြပါတယ်။ အရွယ်ရောက်သူများနေ့ အခမ်းအနားမှာ အများအားဖြင့်မိန်းကလေးတွေဟာ ကီမိုနိုကို ဝတ်ဆင်ကြပြီး ယောကျ်ားလေးတွေက ကီမိုနိုအပြင်အနောက်တိုင်းဝတ်စုံကိုလည်း ဝတ်ဆင်လေ့ရှိ ကြပါတယ်။  မွေးကင်းစအရွယ်ကစပြီးဆုတောင်းခဲ့ကြတဲ့ နတ်ကွန်း၊ ဗုဒ္ဓဘာသာဘုရားကျောင်းကို သွားရောက်ပြီး ကျန်းမာစွာအရွယ်ရောက်စေတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ဆုတောင်းတာတွေ ပြုလုပ်ကြလေ့ရှိပါတယ်။ ဂျပန်နိုင်ငံမှာ အသက် ၂၀ ပြည့်မှသာ အရက်၊ ဘီယာ၊ ဆေးလိပ်တို့ကို ဝယ်ယူ သောက်သုံးခွင့်ရှိပြီး အရောင်းဆိုင်တွေမှာ အသက် ၂၀ ပြည့်ပြီးကြောင်း အထောက်အထားတွေ တောင်းခံပါက အထောက်အထားပြရတတ်ပါတယ်။ မွေးဖွားနှုန်းတဖြေးဖြေးကျဆင်းနေတဲ့ ဂျပန်နိုင်ငံမှာ ၂၀၄၀ခုနှစ်ရောက်ရင် ဂျပန်လူမျိုး ၃ ဦးမှာ ၁ ဦး နှုန်း အသက် ၆၅ နှစ်အထက်ရှိနေမှာဖြစ်ပါတယ်။ လက်ရှိလည်း အလုပ်ခွင်တွေမှာ အလုပ်သမား မလုံလောက်တဲ့အတွက် ကုန်ပစ္စည်းအလုံအလောက် မထုတ်လုပ်နိုင်တာနဲ့ စံချိန်စံနှုန်းတွေ ထိန်းသိမ်းရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံခြားမှ အလုပ်သမား အလုံးအရင်း ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024