Home
မြန်မာသတင်း
ကျောက်ဖြူ ကင်းချောင်းတံတား လာမည့်ဧပြီလတွင် ပြီးစီးနိုင်ဖွယ်ရှိ
DVB
·
January 14, 2020
82840846_2825187087531684_7859796254828527616_o
82380648_2825186660865060_2306972220540321792_o
82106595_2825187157531677_725208479219843072_n
82105016_2825186987531694_3818667543271309312_o
81784406_2825186777531715_6704632154522910720_o
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကင်းချောင်းနဲ့ လေးတောင်မြို့ကို ဆက်သွယ်သွားလာနိုင်မယ့် တံတားရှည် တစင်းကို  အခုနှစ် ဧပြီလအတွင်း ပြီးစီနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက "အစိုးရ ထုတ်ပြန်ထားတာကတော့ ၂၀၂၀ ဧပြီ လမှာ အပြီးဆိုပြီးတော့ ထုတ်ပြန်ထားတယ်။ ဒီတံတားက ကျောက်ဖြူနဲ့လေးတောင်ကို အဓိက ဆက်သွယ် သွားလာလို့ရမယ့်တံတားပေါ့။ ပြီးတော့ ရန်ကုန်၊ စစ်တွေ၊ ကျောက်ဖြူ၊ရမ်းဗြဲ၊ လေးတောင် စတဲ့မြို့နယ်တွေကို ကုန်လမ်းအဖြစ် တပြိုင်တည်း သွားလာနိုင်မှာပါ" လို့ ဒီဗွီဘီကို ပြောပါတယ် ။အဲ့ဒီတံတားကြီးပြီးစီးသွားပါက ကျောက်ဖြူ၊ ကင်းချောင်း၊ လေးတောင် စတဲ့ နေရာတွေက ရေထွက်ပစ္စည်းဖြစ်တဲ့ငါးပုဇွန်တွေကို စစ်တွေ-ရန်ကုန် စသော နေရာများသို့ လွယ်လင့်တကူ ကုန်းလမ်းမှ သွားလာရေးအတွက် အဆင်ပြေလာစေ နိုင်မယ်လို့ ဒေသခံရေလုပ်သားတွေထံက သိရပါတယ်။ ကင်းချောင်းတံတားကို ဆောက်လုပ်ရေးနဲ့ လမ်းတံတားဦးစီးဌာန အထူးအဖွဲ့ ၈ က ခွင့်ပြုတံတားခန့်မှန်း ကုန်ကျငွေ ကျပ်သန်းပေါင်း ၆၇၃၀ နဲ့ ၂၀၁၇ ဇွန် ၁ ရက်နေ့က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတံတား အပေါ်ထည် သံမဏိသံဘောင် ကွန်ကရစ်ခင်းခြင်း အောက်ထည် သံကွန်ကရစ် တိုင်များပြုလုပ်နေကာ တံတားပြီးစီးမှုမှာ တဝက်ကျော်အထိ ပြီးစီးနေပြီဖြစ်သလို တံတား အရှည်အလျား ၁၂၅၆ ပေ ထိရှိပါတယ်။ သတင်း- သားချစ်ဇော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024