Home
Lead Story
စူပါမော်ဒယ် ပိုင်တံခွန်၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သည့် ‘အိပ်မက်မြစ်’ရုပ်ရှင်ရိုက်ကူးမည်
DVB
·
January 14, 2020
82652358_623854811752388_5312572462922203136_o
       စူပါမော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့ ခေါင်းဆောင်ပါဝင်သွား ကြမယ့် ရုပ်ရှင်ကားတကားကို ရိုက်ကူးသွားဖို့ ရှိနေပါတယ်။        ဒီကားကိုတော့ Brave Empire Entertainment & Production က စီစဉ်ပြီး အေးသီရိကိုရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။        ရုပ်ရှင်ကားရဲ့ နာမည်ကိုတော့ ‘အိပ်မက်မြစ်’လို့ အမည်ပေးထားပြီး ရုပ်ရှင်ကား ကန်တော့ပွဲ ပေးတဲ့ အခမ်းအနားကိုတော့ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့တာပါ။        ဒီကားထဲမှာ ပိုင်တံခွန်၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ နေရဲ၊ သီဟ၊ မေမီကိုကိုစတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။        Brave Empire Entertainment & Production ဟာ ပြီးခဲ့တဲ့ နှစ်က ပွဲဉီးထွက်ရုပ် ရှင်ဖြစ်တဲ့ ‘လိပ်ပြာစံအိမ်’ရုပ်ရှင်ကို ထုတ်လုပ်ခဲ့ပြီး ရုံတင်ဝင်ငွေစံချိန်တင်ရရှိခဲ့ကာ ခုထပ်ပြီးရိုက်ကူးမယ့် ‘အိပ်မက်မြစ်’ကတော့ ဒုတိယမြောက်ရုပ်ရှင်ကားတကားဖြစ်လာခဲ့ပါတယ်။        နှုတ်ခမ်းနီမလေးတွေကြားရေပန်းစားတဲ့ စူပါမော်ဒယ် ပိုင်တံခွန်နဲ့ ဝတ်မှုန်ရွှေရည် တို့ရဲ့ တွဲဖက်သရုပ်ဆောင်မှုဟာလည်း ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့ပါတယ်။        Romance Suspense အမျိုးအစား ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးပုံဖော်မယ့် ဒီရုပ်ရှင်ကားရဲ့ ရိုက်ကူးမှုတွေကိုတော့ မကြာခင်မှာပဲ စတင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024