DVB Logo
Home
မြန်မာသတင်း
၆၅ နှစ်​မြောက် ချင်း​အမျိုး​သား​နေ့​အခမ်း​အနား​ ကျင်း​ပ
DVB
·
February 20, 2013
၆၅ နှစ်​မြောက် ချင်း​အမျိုး​သား​နေ့​အခမ်း​အနား​ ကျင်း​ပ
Donate to DVB

ချင်းပြည်နယ်အစိုးရ ချင်းပါတီအသီးသီးနဲ့ အပစ်ခတ်ရပ် ချင်းအမျိုးသားတပ်ဦးတို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဟားခါးမြို့ ၀မ်းသူမောင်း အားကစားကွင်းမှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

အစိုးရက ချင်းအမျိုးသားနေ့ကို နိုင်ငံရေး ပါတီတွေ၊ လက်နက်ကိုင်အဖွဲ့နဲ့ပါ ပူးပေါင်းပြီး ကျင်းပခွင့်ပေးတဲ့အတွက် ကျေးဇူးတင် ကျေနပ်မိတယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဆလိုင်း ရွှေခါးက ပြောပါတယ်။

ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပခွင့်ရတဲ့အပေါ် ဒေါက်တာဆလိုင်း ရွှေခါးက “ဒီနှစ်မှာ အစိုးရ ဒီလိုခွင့်ပြုလိုက်တဲ့အတွက် ရှေ့ဆက်ကို ဒီမိုကရေစီကျင့်သုံးနိုင်ဖို့ အလားအလာကောင်းတယ်။ ချင်းအမျိုးသားနေ့ဆိုတာဟာ မြေရှင်ပဒေသရာဇ်စနစ်ကနေ ဒီမိုကရေစီပြောင်းဖို့အတွက် လူထုက ဆုံးဖြတ်တဲ့နေ့ကိုအဆိုပြုပြောတာဖြစ်တယ်။ ဒါကိုလည်း အမှတ်ရဖြစ်စေတယ်။ ဒါကြောင့် ကျနော်ပြောပြောနေတာကတော့ ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ ကန့်ကွက်တဲ့လူတွေက ဒီမိုကရေစီဆန့်ကျင်တဲ့လူတွေဖြစ်တယ်။ ချင်းလူမျိုးတွေက စနစ်ဟောင်းကနေ စနစ်သစ်သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာကို အသိအမှတ်ပြုတာလည်း ဖြစ်တယ်ဆိုတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း ဆက်ပြီး highlight လုပ်တာပေါ့။ အဲ ၂ ခု အဓိက မီးမောင်းထိုးပြတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အရင်အစိုးရတွေတုန်းက ချင်းအမျိုးသားနေ့ကို ကျင်းပခွင့်မပေးခဲ့ဘဲ ဒီနှစ်မှ သမ္မတဦးသိန်းစိန် အစိုးရက အသိအမှတ်ပြု ကျင်းပခွင့်ပေးခဲ့တာပါ။

အခမ်းအနား တက်ရောက်ခဲ့သူ ဟားခါး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ  ဥက္ကဋ္ဌ ဦးဟောက်ခင်ခန်းက

“ပြည်နယ်ဝန်ကြီးချုပ်ပြောတာကတော့ ချင်းအမျိုးသားများ စည်းလုံးညီညွတ်ပြီးတော့မှ စည်းစည်းလုံးလုံးတိုင်တိုင်ပင်ပင်နဲ့ ညှိနှိုင်းကျင်းပတာ ကောင်းပါတယ်။ အလားအလာကောင်းတွေ ရှိတယ်။ ကျနော်တို့ ပူးပေါင်းပြီး ချင်းအမျိုးသားနေ့ကျင်းပတာကြောင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး ပိုပိုကောင်းမွန်လာမယ့်အပြင် နိုင်ငံတော်အတွက်လည်း ကောင်းတဲ့အလားအလာရှိမှာပါ” လို့ ပြောပါတယ်။

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မြို့တော်ဟားခါးအပြင် ရန်ကုန်မြို့၊ ချင်းပြည်နယ်က တီးတိန်၊ ဖလမ်း၊ မတူပီ စတဲ့မြို့တွေအပါအ၀င် အိန္ဒိယနိုင်ငံ နယူးဒေလီနဲ့ မစ်ဇိုရမ်ပြည်နယ်ရောက် ချင်းလူမျိုးတွေကလည်း ကျင်းပခဲ့ပါတယ်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းတိုင်းရင်းသား ၅၀၀၀ ကျော်တက်ရောက်တဲ့ ညီလာခံတရပ်ကျင်းပခဲ့ပြီး အဲဒီညီလာခံမှာ တိုက်သူကြီး၊ နယ်သူကြီးတွေကို အခွန်ဆက်သရတဲ့ စနစ် ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ ညီလာခံကျင်းပတဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ - The Haka post) Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013