ကိုလံဘီယာ ထိပ်တန်းဗိုလ်ချုပ်ကြီးဟောင်း သူလျှိုမှုဖြင့် စစ်ဆေးခံရ

ကိုလံဘီယာ အစိုးရဟာ ထိပ်တန်းဗိုလ်ချုပ်ကြီးဟောင်းကို သူလျှိုမှု စွပ်စွဲချက်အတွက် အမှုဖွင့် စစ်ဆေးသွားမယ်လို့ ရှေ့နေချုပ်ရုံးက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။ စစ်တပ်ဟာ တရားရေးအရာရှိတွေ သတင်းထောက်တွေနဲ့ တခြား စစ်ဘက်အရာရှိကြီးတွေကို လျှို့ဝှက်ထောက်လှမ်းခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံအပြီးမှာ ခုလိုပြောလိုက်တာပါ။ ကိုလံဘီယာနိုင်ငံအတွင်း စစ်ဘက်အရာရှိတွေဟာ ဖှားသူပုန်တွေနဲ့ ဆွေးနွေးပွဲမှာ ညှိုနှိုင်းဆွေးနွေးပေးသူတွေကို စုံစမ်းထောက်လှမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေ အပါအဝင် သူလျှိုထောက်လှမ်းမှုနဲ့ပတ်သက်တဲ့ ကျော်မကောင်း ကြားမကောင်းမှုတွေ ကာလရှည် ဆက်တိုက် ရှိခဲ့ဖူးပါတယ်။ သူလျှိုမှု စွဲချက်တွေအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကိုလည်း တခြား စုံစမ်းစစ်ဆေးမှုတွေက မဖော်ထုတ်နိုင်ခဲ့ပါဘူး။ သတင်းထောက်တွေ စစ်တပ်ထဲက တပ်ဖွဲ့ဝင်တွေ တရားရုံး ဝန်ထမ်းတွေနဲ့ နိုင်ငံရေးသမားတွေအပေါ် စုံစမ်းထောက်လှမ်းမှု စွဲချက်တွေကို ဒေသန္တရမဂ္ဂဇင်း ဆေမာနာက မျက်နှာဖုံးသတင်းအဖြစ် ဇန်နဝါရီ ၁၂ ရက်မှာ ပုံနှိပ်ဖြန့်ချိခဲ့ပါတယ်။၊ အဲဒီနောက် မနှစ်က ရာထူးကနေ အနားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း နီကိုစီယို ဒေဂျေဆပ် မာတီးနက်ဇ်ကို စုံစမ်းစစ်ဆေးခဲ့တာပါ။ အဆက်အသွယ်တွေ ကြားဖြတ်ခိုးယူဖို့ တရားမဝင်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုတဲ့ တာဝန်ခံမှုနဲ့ ပတ်သက်လို့ မာတီးနက်ဇ်က ကြေညာချက် ထုတ်ပြန် ငြင်းဆိုပါတယ်။ စွပ်စွဲသူတွေကို တရားဥပဒေအရ အရေးယူမယ်လို့လည်း သူက ပြောပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဂိုဏ်းသားတွေ သူပုန်တွေရဲ့ အရေအတွက် သိသိသာသာ တိုးအောင် အဆင့်မြင့်အရာရှိတွေကို ဖိအားပေးခဲ့တယ် ဆိုတဲ့ စွဲချက်ကိုလည်း သူက ငြင်းအပြီးမှာ ရာထူးကနေ အငြိမ်းစားယူခဲ့ပါတယ်။ အစိုးရကတော့ သူဟာ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် အငြိမ်းစား ယူခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း စစ်ထောက်လှမ်းရေးရဲ့ လုပ်ရပ်တွေကို ပြန်သုံးသပ်ဖို့ ကာကွယ်ရေးဝန်ကြီး ကာလိုဟုမ်းစ် ထရူဂျီလိုက အမိန့်ထုတ်ထားပါတယ်။ လက်နက်ကိုင်တပ်တွေအတွင်း အဂတိလိုက်စားမှုနဲ့ တရားမဝင် လုပ်ရပ်တွေအပေါ် လုံးဝ သည်းခံမှာ မဟုတ်ဘူး တရားမဝင် ကြားဖြတ် ဆောင်ရွက်တာ၊ ခြေရာခံ နောက်ယောင်ခံလိုက်တာနဲ့ ဖိစီးနှိပ်စက်တာတွေကို အစိုးရက ပယ်ချတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up