DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​က ထိုင်း​ဘုရင်အုတ်ဂူ ထိုင်း​သု​တေသီတို့​ ​လေ့​လာ​ဖော်ထုတ်ပြီ
DVB
·
February 20, 2013
မန္တ​လေး​က ထိုင်း​ဘုရင်အုတ်ဂူ ထိုင်း​သု​တေသီတို့​ ​လေ့​လာ​ဖော်ထုတ်ပြီ
Donate to DVB

မန္တ​လေး​တိုင်း​ အမရပူရမြို့​နယ် လင်း​ဇင်း​ကုန်း​သုသာန်ရှိ အုတ်ဂူ ၂ ခုဟာ ထိုင်း​ဘုရင် အုတ်ဂူ ဟုတ်၊​ မဟုတ် ​ဖော်ထုတ်ဖို့​ ထိုင်း​သု​တေသနပညာရှင်အဖွဲ့​ဟာ ဒီ​နေ့​ပဲ လုပ်ငန်း​စတင်​နေပြီလို့​ စုံစမ်း​ သိရှိရပါတယ်။

ထိုင်း​-မြန်မာ နှစ်နိုင်ငံအစိုး​ရ ဆက်သွယ်ပြီး​ ထိုင်း​ဘုရင်အုတ်ဂူ သု​တေသနပြုဖို့​ လုပ်​ဆောင်ကြတာလို့​ မန္တ​လေး​မြို့​စည်ပင်သာယာ​ရေး​ကော်မတီအဖွဲ့​က ဦး​သက်နိုင်ထွန်း​က ​ပြောပါတယ်။

“သူက အရင် delegation သ​ဘောမျိုး​လာပြီး​တော့​မှ ထိုင်း​အစိုး​ရ ဆက်သွယ်ပြီး​ အစိုး​ရ အစိုး​ရချင်း​ ဆက်သွယ်လုပ်တဲ့​ သ​ဘောမျိုး​ပါ။ ကျ​နော်တို့​က လုပ်ငန်း​ပိုင်း​ဆိုင်ရာ ဝိုင်း​ကူတဲ့​သ​ဘောပါ။”

ထိုင်း​သု​တေသနပညာရှင် အ​ယောက်၂၀ ​လောက်ပါဝင်တဲ့​အဖွဲ့​ ဒီမနက်ပိုင်း​ သု​တေသန လုပ်ငန်း​ စတင် လုပ်​ဆောင်​နေကြပုံကို သွား​ရောက်​လေ့​လာကြည့်​ရှုခဲ့​တဲ့​ အမရပူရမြို့​က ကိုငြိမ်း​ဝင်း​က အခုလို ​ပြောပါတယ်။

“သူတို့​ တအုပ်စုက​တော့​ တံခွန်တိုင်လိုမျိုး​ ဘုရား​နား​လေး​မှာ ​ဆွေး​နွေး​နေတယ်။ ဒီဘက်မှာ ၁ ​ယောက်က​တော့​ လိုဏ်​ခေါင်း​ဖောက်တာကို ဝင်ကြည့်​နေတယ်။ မနက်ဖြန် survey လုပ်မှာကို သူတို့​က အကြမ်း​အား​ဖြင့်​ပြောတာက​တော့​ ဒီအုတ်ဂူကို အလယ်က​နေ ​ဖောက်ဝင်ဖို့​များ​တယ်။ ​ဘေး​ကဝင်ရင်ပြိုသွား​မယ်လို့​ သူတို့​ပညာရှင်က ​ပြောတယ်။ ​ဘေး​က သံဖရိန်​တွေနဲ့​ပတ်ပြီး​ အလယ်က​နေ ကရိန်း​နဲ့​ ​ဖောက်ဝင်မှာ။ ​နောက် တံခွန်တိုင်လို၊​ ​စေတီပုံစံမျိုး​က ​ဘေး​က​နေ သူတို့​က​ဖောက်လိုက်မှာ၊​ ပြီး​ရင် စက်ကိရိယာနဲ့​ စမ်း​သပ်မယ့်​သ​ဘောရှိတယ်။”

ထိုင်း​သု​တေသနအဖွဲ့​ဟာ လင်း​ဇင်း​သုသာန်မှာ ၁ လခွဲ​လောက် အချိန်ယူပြီး​ သု​တေသန လုပ်ငန်း​တွေ လုပ်​ဆောင်သွား​ဖို့​ ရှိတယ်လို့​ ဆိုပါတယ်။

အမရပူရမြို့​ လင်း​ဇင်း​သုသာန်မှာ ရှိတဲ့​အုတ်ဂူဟာ ထိုင်း​ဘုရင်အုတ်ဂူ ဟုတ်၊​ မဟုတ်ကို အ​သေအချာ သု​တေသနပြုခဲ့​ကြတာ မရှိခဲ့​ဖူး​ဘဲ အခု ထိုင်း​ဘက်က လာ​ရောက် သု​တေသနပြုတာဟာ ပထမဆုံး​ ဖြစ်ပါတယ်။

အခုလို ထိုင်း​သု​တေသနပညာရှင်အဖွဲ့​ လာ​ရောက်သု​တေသနပြု ​ဖော်ထုတ်တဲ့​လုပ်ငန်း​ လုပ်​ဆောင်မှုအ​ပေါ် မန္တ​လေး​က စာ​ရေး​ဆရာဆူး​ငှက်က ​ကောင်း​တဲ့​လုပ်ရပ်လို့​ ခုလို ​ပြောပါတယ်။

“ဘယ်အရာမဆို အဖြစ်မှန်တိုင်း​ဖော်ထုတ်နိုင်တာ ​ကောင်း​ပါတယ်။ လူမျိုး​စွဲ ဘာသာစွဲမဟုတ်ဘဲ ဒီ​နေရာဟာ ထိုင်း​ဘုရင်အုတ်ဂူမှန်တယ်၊​ ဒါအ​ထောက်အထား​တွေနဲ့​ ကျ​နော်တို့​ ဆရာ​တော် ​ရွှေမင်း​သား​ရေး​ခဲ့​သလိုပါပဲ သမိုင်း​ကိုမျိုး​ချစ်စိတ်အမြင်နဲ့​ ဖျက်ပစ်တာမျိုး​တွေ​ပေါ့​။ နန်း​တွင်း​ထဲမှာ အရင်က ပါ​တော်မူ​ကျောက်တိုင်ဆိုတာ ရှိခဲ့​ဖူး​တယ်။ ​နောက် လွတ်လပ်​ရေး​ရလာ​တော့​ ဒါကြီး​ဟာ အတိတ်နိမိတ်မရှိဘူး​ဆိုပြီး​ ဖျက်ပစ်ကြ​တော့​ ဆုံး​ရှူံး​သွား​ခဲ့​ရတယ်။ ဘယ်အရာမဆို သမိုင်း​အဖြစ်မှန် မှတ်တမ်း​အတိအကျ အမှန်အကန်​ဖော်ထုတ်နိုင်ရင်​တော့​ အား​လုံး​ကောင်း​ပါတယ်။”

အခု သု​တေသနပြု​ဖော်ထုတ်ချက်အရ ထိုင်း​ဘုရင်အုတ်ဂူဖြစ်​ကြောင်း​ ​တွေ့​ရှိခဲ့​ရင်လဲ ထိုင်း​ဘက်ကို ပြန်လည် တူး​ဖော်ယူ​ဆောင်သွား​ဖို့​ အစီအစဉ်မရှိဘူး​လို့​ ထိုင်း​သု​တေသနအဖွဲ့​ ​ခေါင်း​ဆောင်ဖြစ်သူက ဒီ​နေ့​ပြုလုပ်တဲ့​ စာနယ်ဇင်း​ရှင်း​လင်း​ပွဲမှာ ထုတ်​ဖော် ​ပြောဆိုထား​ပါတယ်။

၁၈ ရာစုအတွင်း​ ကုန်း​ဘောင်မင်း​ဆက် တတိယ​မြောက်မင်း​ ဆင်ဖြူရှင် မင်း​တရား​ကြီး​လက်ထက် ထိုင်း​နိုင်ငံ အယုဒ္ဓယကို တိုက်ပြီး​ ​အောင်နိုင်​တော်မူတုန်း​က ထိုင်း​ဘုရင်​ကျောက်ဘွား​ဒေါက် ကို စစ်သုံ့​ပန်း​အဖြစ် ​ခေါ်​ဆောင်ခဲ့​ရာက မန္တ​လေး​မှာပဲ ရဟန်း​ဝတ်နဲ့​ ပျံလွန်​တော်မူခဲ့​တာလို့​ ​မောင်သန်း​ဆွေ(ထား​ဝယ်)ရဲ့​ ​ဆောင်း​ပါး​တပုဒ်မှာ ​ဖော်ပြ ဖူး​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013