Home
မြန်မာသတင်း
ဖူးကက်တွင် ကြက်တိုက်လောင်းကစားသည့်  မြန်မာအလုပ်သမား ၃၀ ဖမ်းဆီးခံရ 
နန်းမြနဒီ
·
January 14, 2020
563000000360306
563000000360305
563000000360303
563000000360301
ထိုင်းတောင်ပိုင်း၊ ဖူးကက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာရွေ့ပြောင်းလုပ်သား ၃၀ ဦး တရားမဝင် ကြက်တိုက်လောင်းကစားမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဖူးကက်မြို့ ဝိချစ်ရပ်ကွက်ထဲမှာ တရားမဝင်ကြက်တိုက်လောင်းကစားမှုရှိကြောင်း ပြည်သူတွေက တိုင်တန်းလာတဲ့အတွက် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက အဆိုပါ ရပ်ကွက်ထဲရှိ သရီဖုပ်ကြက်ခြံကို ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့တယ်လို့ ဖူးကက်ခရိုင်ရဲတပ်ဖွဲ့ ရဲမှူး ဘန်းဒစ် ခေါ၀်ဆုဝမ်က သတင်းထောက်တွေကို ပြောပါတယ်။  တာဝန်ရှိသူတွေ ရောက်သွားတဲ့အချိန်မှာ တိုက်ကြက် နှစ်ကောင်ခွပ်နေတာကို သဲကြီးမဲကြီး အားပေးနေတဲ့ လူတစုကိုတွေ့ရကြောင်း၊ တချို့ကတော့ ရဲတွေကိုမြင်မြင်ချင်း ထွက်ပြေး လွတ်မြောက်သွားကြပြီး အဲဒီနေရာမှာ ကြက်တိုက်လောင်းကစားဒိုင်တွေရော၊ လာရောက် လောင်းကစားကြတဲ့သူ စုစုပေါင်း ၆၉ ဦးကို သက်သေ တိုက်ကြက် နှစ် ကောင်နဲ့ လောင်းကြေးငွေတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။  ဖမ်းဆီးရမိသူ ၆၉ ဦးထဲမှာ ထိုင်းလူမျိုး ၃၉ ဦးနဲ့ မြန်မာအလုပ်သမား ၃၀ ဦးတို့ ပါဝင်ပြီး သူတို့ကို တရားမဝင် လောင်းကစားမှုနဲ့အရေးယူသွားမယ်လို့  ခရိုင်ရဲမှူးက ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ကြက်တိုက်ပွဲကို ကျေးလက်ရိုးရာအားကစားနည်းတခုလို့ သတ်မှတ်ထားပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ ကြက်တိုက်ပွဲတွေမှာတော့ ဘတ်သိန်းနဲ့ချီ လောင်းကစား လေ့ ရှိပါတယ်။   ကိုးကား- Manager Online
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024