Homeမြန်မာသတင်း
ကျောင်းဆရာ ၁ ဦးနှင့် အရပ်သား ၂ ဦးတို့ကို အေအေအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ဟု တပ်မတော် ထုတ်ပြန်
ကျောင်းဆရာ ၁ ဦးနှင့် အရပ်သား ၂ ဦးတို့ကို အေအေအဖွဲ့က ဖမ်းဆီးသတ်ဖြတ်ဟု တပ်မတော် ထုတ်ပြန်
DVB
·
January 14, 2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျောင်းဆရာ တဦးနှင့် အရပ်သားနှစ်ဦးတို့ကို အေအေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ပလက်ဝမြို့နယ်၊ ကြက်ဥဝကျေးရွာနေ ဦးလှစိန်၊ ဦးချစ်စုနဲ့ မူလတန်းကျောင်းအုပ် ဦးဟာဗီလှတို့ သုံးဦးဟာ ဇန်နဝါရီ ၇ ရက် ည ၈ နာရီ လောက်က ဦးလှစိန်ရဲ့ နေအိမ်မှာ စကားပြောနေစဉ် အေအေအဖွဲ့ဝင် ၁၀ ဦးလောက် ရောက်ရှိလာပြီး ဖမ်းဆီးကာ ရွာရဲ့ မြောက်ဘက်သို့ ထွက်ခွာသွားခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နေရာတဝိုက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းရှာဖွေစစ်ဆေးရာမှာ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီလောက်မှာ ဦးလှစိန်၊ ဦးချစ်စုနှင့် ဦးဟာဗီလှတို့ သုံးဦးကို ကြက်ဥဝကျေးရွာနဲ့ အန်ကူဝကျေးရွာကြားရှိ လယ်ကွင်းနဲ့ တောစပ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ကြက်ဥဝ ကျေးရွာသားတွေက တွေ့ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။
တပ်မတော်သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရက္ခိုင်တပ်တော် (အေအေ) အဖွဲ့ဘက်က တော့ ပြန်လည်တုံ့ပြန်ကြေညာခြင်း မရှိသေးပါဘူး။