A d v e r t i s e m e n t With Us

ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​နှင့်​ အစိုး​ရ ၂ ရက်ဆက် တိုက်ပွဲဖြစ်

အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူထား​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​နဲ့​ အစိုး​ရတပ်ဖွဲ့​တွေ ရှမ်း​ပြည်နယ် တန့်​ယန်း​မြို့​နယ် လွိုင်လန်း​တောင်မှာ ဒီ​နေ့​ တိုက်ပွဲ​တွေ ထပ်မံ ဖြစ်ပွား​ခဲ့​ပါတယ်။ ဒီမနက် ၁၀ နာရီခွဲက​နေ ၁၁ နာရီခွဲ​လောက်အထိ လွိုင်လန်း​တောင်မှာ တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​လို့​ ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​ ​ပြောခွင့်​ရ ဗိုလ်မှူး​ စိုင်း​လက ဒီဗွီဘီကို ​ပြောပါတယ်။ လွိုင်လန်း​တောင်ဟာ အဲဒီ​ဒေသမှာ စစ်​ရေး​အရ ဗျူဟာကျတဲ့​နေရာဖြစ်ပြီး​ ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​ တပ်သား​တွေ ​နေရာချထား​ရေး​ စီမံကိန်း​အတွက် အစိုး​ရနဲ့​ သ​ဘောတူထား​တဲ့​နေရာ ဖြစ်တယ်လို့​ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွား​တဲ့​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ ဗိုလ်မှူး​ စိုင်း​လက “ဒီ​နေ့​မနက် ၁၀ နာရီခွဲက​နေ ၁၁ နာရီခွဲ​လောက်ထိ တန့်​ယန်း​မြို့​နယ်ထဲမှာပဲ ခမရ ၃၂၂ နဲ့​ ပြန်ဖြစ်တယ်။ ကြည့်​ရတာ လွိုင်လန်း​တောင်ကို စိုး​မိုး​ချင်တဲ့​ပုံစံမျိုး​။ ကျ​နော်တို့​ တပ်မိသား​စု​တွေ​နေရာချထား​ဖို့​ စီမံကိန်း​ချထား​တဲ့​နေရာ။ နည်း​နည်း​စောင့်​ကြည့်​ရမယ့်​ အ​နေအထား​ပါ။ သူတို့​ဘာရည်ရွယ်ချက်နဲ့​ ပစ်ခတ်မှု​တွေဖြစ်လဲ။ ဘာ​ကြောင့်​ ထိုး​စစ်ဆင်​နေလဲ။ ကချင်ဘက်ဆိုင်း​ပြီး​ ကျ​နော်တို့​ဘက် ထိုး​စစ်ဆင်မှာလား​ပေါ့​။ တခြား​ ရည်ရွယ်ချက် ​တောင်ကုန်း​ပွိုင့်​ကို စိုး​မိုး​ချင်လို့​လား​ ဒါမှမဟုတ် စစ်ဆင်​ရေး​လုပ်ဖို့​လား​ ဆိုတာ ​စောင့်​ကြည့်​ရမှာ​ပေါ့​။” ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်မင်း​ခေါင်း​ဆောင်တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​ဟာ ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​မှာ ညီညွတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ(ယူအန်အက်ဖ်စီ)နဲ့​ ​တွေ့​ဆုံ​နေစဉ်မှာ အခုလို တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာပါ။ ယူအန်အက်ဖ်စီထဲမှာ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​လည်း​ အပါအဝင် ဖြစ်ပါတယ်။ ​ဖေ​ဖော်ဝါရီ ၁၉ ရက်တုန်း​ကလလည်း​ ည​နေ ၃ နာရီခွဲက​နေ ၅ နာရီ​လောက်အထိ တန့်​ယန်း​မြို့​နယ် မိုင်း​ကောင်မှာ အစိုး​ရတပ်​တွေနဲ့​ ရှမ်း​ပြည်တပ်မ​တော် ​မြောက်ပိုင်း​ တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​ပါတယ်။ ရှမ်း​ပြည်တပ်မ​တော်​မြောက်ပိုင်း​အဖွဲ့​ဟာ အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲထား​ပေမယ့်​ တိုက်ပွဲ​တွေ မရပ်​သေး​ဘဲ အကြိမ် ၈၀ ထက်မနည်း​ တိုက်ပွဲဖြစ်ပွား​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up