Home
သတင်းတို
WIN Peace က ငြိမ်း​ချမ်း​ရေး​ လုပ်ငန်း​စဉ်များ​တွင် ပါဝင်လို
DVB
·
February 20, 2013
တိုင်း​ရင်း​သား​လူမျိုး​စုံနဲ့​ ဖွဲ့​စည်း​ထား​တဲ့​ ငြိမ်း​ချမ်း​ရေး​ ​စေ့​စပ်ညှိနှိုင်း​မှု အမျိုး​သမီး​ကွန်ရက် (Women Initiative Network for Peace - WIN Peace) ဟာ ကချင်ပြည်နယ်ရဲ့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ် အဆင့်​ဆင့်​မှာ ပါဝင်လိုတယ်ဆိုပြီး​ သမ္မတနဲ့​ သက်ဆိုင်သူ​တွေဆီ စာ​ရေး​သား​ပေး​ပို့​ အ​ကြောင်း​ကြား​ထား​တယ်လို့​ ကွန်ရက်အဖွဲ့​ဝင် ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ​ဒေါ်နီလာသိန်း​က ဒီဗွီဘီကို ​ပြောပါတယ်။ တကယ်လို့​ သက်ဆိုင်ရာကသာ ခွင့်​ပြုခဲ့​ရင် ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေမှာ ​လေ့​လာသူ​တွေအဖြစ် တက်​ရောက်တာ၊​ အပစ်အခတ် ရပ်စဲထား​တဲ့​ စခန်း​တွေကို ​လေ့​လာ​စောင့်​ကြည့်​တာ၊​ ဒုက္ခသည်စခန်း​တွေက က​လေး​သူငယ်​တွေနဲ့​ အမျိုး​သမီး​တွေရဲ့​ အ​ခြေအ​နေ​တွေကို ​လေ့​လာ အကူအညီ​ပေး​တာ​တွေ လုပ်ချင်တယ်လို့​ ဆိုပါတယ်။ ​ဖေ​ဖော်ဝါရီ ၁၉ ​နေ့​စွဲနဲ့​ ​ပေး​ပို့​ခဲ့​တဲ့​ အဲဒီစာကို သမ္မတ ဦး​သိန်း​စိန်အပြင် ​ကေအိုင်အို ဌာနချုပ်၊​ သမ္မတရုံး​ဝန်ကြီး​ ဦး​စိုး​သိန်း​နဲ့​ မြန်မာနိုင်ငံ ငြိမ်း​ချမ်း​ရေး​ပြန်လည်ထူ​ထောင်​ရေး​ ဗဟိုဌာန ​တွေကိုလည်း​ မိတ္တူ​ပေး​ပို့​ခဲ့​တယ်လို့​ ​ဒေါ်နီလာသိန်း​က ရှင်း​ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024