Home
မြန်မာသတင်း
မုံရွာပညာရေးကောလိပ်ကျောင်းသားများ ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်
DVB
·
January 13, 2020
83483486_165632584753404_7409256599249747968_o
82813888_165631971420132_4753534859635326976_o
82810185_165632074753455_2210307624992243712_o
82256565_165632271420102_6749791128595202048_o
82250697_165632814753381_111639419932377088_o
82218713_165632468086749_8801300605629890560_o
အခြေခံပညာဦးစီးဌာနကနေ အတန်းငယ်တွေကို မတ်လကုန်ပိုင်းအထိ စာမေးပွဲကာလ‌ ‌ပြောင်းရွှေ့လိုက်တဲ့ ညွှန်ကြားချက်အပေါ် ကန့်ကွက်တဲ့အနေနဲ့ မုံရွာပညာရေးကောလိပ်သင်တန်းသူ သင်တန်းသားတွေက ဇန်ဝါရီ ၁၃ ရက်မှာ ဖဲကြိုးစိမ်းကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပုံမှန်နှစ်တွေမှာ အတန်းငယ်တွေဟာ တက္ကသိုလ်ဝင်တန်းစာမေပွဲမတိုင်ခင် အရင် စာမေးပွဲဖြေဆိုရ‌တာ ဖြစ်ပြီး အခုညွှန်ကြားချက်အရ တက္ကသိုလ်ဝင်တန်းဖြေဆို ပြီးမှသာ ဖြေဆိုရမှာ ဖြစ်ပါတယ်။ ကြားထဲက တက္ကသိုလ်ဝင်တန်းတွေ ဖြေဆိုချိန်မှာလည်း အတန်းငယ်တွေကို ကျောင်းပိတ်ထ ထားမှာဖြစ်ပြီး စာမေးပွဲဖြေဆိုရာမှာလည်း အဲ့ဒီအချိန်ဟာ ပူပြင်းတဲ့ရာသီဥတုဖြစ်တာကြောင့် အတန်းငယ်တွေအတွက် ပင်ပန်းတယ်လို့ ပြောပါတယ်။ မုံရွာပညာ‌ရေးကောလိပ်က ဆရာဖြစ်သင်တန်းသူ မဖြိုးသူဇာနွယ် က "အခြေခံ ဆရာ/ဆရာမတွေအတွက်ရောကျောင်းသားတွေအတွက်ပါ အဆင်မ‌ပြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်ဟာဆိုရင် နေကအရမ်းပူတယ်။ ကလေးတွေအနေနဲ့ကလည်း ပိတ်ပြီးမှ ပြန်ဖွင့်တယ်ဆိုတော့ စာကိုလည်း အာရုံစိုက်နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့်ဝန်ကြီးဌာနအနေနဲ့ ချမှတ်ထားတဲ့ မူဝါဒကို ပြန်လည်ပြင်ဆင်ပေးဖို့ ပြောချင်ပါတယ်" ပြောပါတယ်။ ဒီအခက်ခဲ‌တွေနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနအနေနဲ့ အခြေခံပညာ ဆရာ/ဆရာမတွေရဲ့ သဘောထားကို နားထောင်ပေးစေလိုတယ်လို့ ပြောပါတယ်။ မုံရွာပညာရေးကောလိပ်က ဆရာဖြစ်သင်တန်းသား ကိုညီညီထွဋ်က"အခု စနစ်ဆိုတာ ဝန်ကြီးဌာနကနေပဲ ချမှတ်လိုက်တာ။ တကယ်တမ်းလုပ်ရတာ အခြေခံမှာ ရှိတဲ့ ဆရာ/ဆရာမတွေက အကောင်ထည်ဖော်ပေးရတာ။သူတို့က အောက်ခြေအတွင်းကျကျ မသိတဲ့အခါကျတော့ အ‌ခြေခံမှာကြုံရတဲ့ အခက်ခဲတွေကို နားလည်နိုင်မှာ မဟုတ်ဘူး။ တကယ်တမ်း အခြေခံမှာကြုံရတဲ့အခက်ခဲကို အခြေခံက ဆရာ၊ ဆရာမတွေပဲသိတယ်။ ဒါကြောင့် အခြေခံက ဆရာ၊ ဆရာမတွေရဲ့အခက်ခဲကို နားထောင်စေချင်ပါတယ်"လို့ ပြောပါတယ်။ အခုဖဲကြိုးစိမ်းကမ်ပိန်းကို ဖဲကြိုးပေါင်း ၄၅၀ ကျော်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ကောလိပ်က သင်ကြားရေး ဆရာ/ဆရာမတွေလည်း တပ်ဆင်ခဲ့ကြပါတယ်။ ဒါ့အပြင် ကောလိပ်ကျောင်းရှေ့မှာလည်း ကျောင်းသားမိဘ၊ ဆရာ/ဆရာမများ သဘောဆန္ဒ မပါတဲ့ စာမေးပွဲကာလနောက်ဆုပ်ခြင်းကို ပြင်ဆင်ပေးဖို့နဲ့ အစမ်းသပ်ခံပညာရေးအလိုမရှိကြောင်း စတဲ့ စာတန်းပါ ပို့စတာတွေကို ရေးသား ချိတ်ကပ်ခဲ့ကြပါတယ်။ အခုလိုတောင်းဆိုမှုမှ အဆင်မပြေခဲ့ရင်တော့ ဆန္ဒထုတ်ဖော်မှုတွေအပါဝင် အဆင့်ဆင့် ဆက်လုပ်သွားမယ်လို့လည်း သိရပါတယ်။ သတင်း- ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024