Home
မြန်မာသတင်း
မန်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်ဆက်မှောက်မည်  
DVB
·
January 13, 2020
MandalayStudentUnion-622x415
မန္တလေးတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးမယူမချင်း သပိတ်ဆက်မှောက်သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီဝင် တဦးက ပြောပါတယ်။ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေနဲ့ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်ကို ချိုးဖောက်ပြီး သူနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လုပ်ငန်းရှင်တစ်ဦးကို Food Court လုပ်ပိုင်ခွင့်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၉ ရက်နေ့က  ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှုကို ပြန်လည်စတင်ခဲ့ပါတယ်။ Food Court လုပ်ပိုင်ခွင့် ပေးတာကို ပြင်းထန်စွာ အရေးယူပေးဖို့ တိုင်ကြားခဲ့တဲ့အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု အဆင့် ဒုဝန်ကြီးပါတဲ့ စစ်ဆေးရေးအဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာ ၇ ရက်က စတင်စစ်ဆေးခဲ့ပေမယ့် အခု အချိန်ထိ ဆုံးဖြတ်ချက် တစုံတရာ မရသေးဘူးလို့ သိရပါတယ်။ ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှု ပြန်လည်စတင်တဲ့ ဒုတိယနေ့ ကနေစပြီး မန္တလေး တက္ကသိုလ်ပင်မဆောင် အဝင်လမ်းတချို့ကို ယာယီပိတ်တာတွေ၊ အဆောင်တွေကို နေ့ခင်းဘက်တွေမှာပါ ပိတ်တာတွေနဲ့ ပင်မဆောင်တံခါးတွေ ပိတ်တာတွေရှိနေပါတယ်။ ဒါကြောင့်ကျောင်းက ထောင်နဲ့တူနေတယ်လို့ ကျောင်းသားတဦးက က ပြောပါတယ်။ မန္တလေးတက္ကသိုလ်အတွင်းမှာ ဆောက်လုပ်ထားတဲ့ Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်းက စတင်ဆောက်လုပ်တာဖြစ်ပြီး အခုအခါမှာ ပြီးစီးနေပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024