DVB Logo
Home
မြန်မာသတင်း
ကရင်မိန်း​က​လေး​ကို နှိပ်စက်သည့်​ ထိုင်း​လင်မယား​ကို အမြင့်​ဆုံး​ပြစ်ဒဏ်​ပေး​ရန် ​တောင်း​ဆို
DVB
·
February 20, 2013
ကရင်မိန်း​က​လေး​ကို နှိပ်စက်သည့်​ ထိုင်း​လင်မယား​ကို အမြင့်​ဆုံး​ပြစ်ဒဏ်​ပေး​ရန် ​တောင်း​ဆို
Donate to DVB

အသက် ၁၂ နှစ်ရွယ် ကရင်မိန်း​က​လေး​ငယ် မအဲ ကို ၅ နှစ်ကြာ ကျွန်ပြုနှိပ်စက်ခဲ့​တဲ့​ ထိုင်း​အလုပ်ရှင်လင်မယား​ ၂ ဦး​ကို အမြန်ဆုံး​ အမှုစီရင်ပြီး​ အမြင့်​ဆုံး​ပြစ်ဒဏ်​ပေး​ဖို့​ ကရင်အဖွဲ့​အစည်း​တွေက ထိုင်း​အစိုး​ရကို ​တောင်း​ဆိုလိုက်​ကြောင်း​ မန်​နေဂျာအွန်လိုင်း​ ထိုင်း​သတင်း​မှာ ​ဖော်ပြသွား​ပါတယ်။

နိုင်း​ဝိုင်း​ယင့်​ ​ထောင်း​ပို ​ခေါင်း​ဆောင်တဲ့​ ထိုင်း​နိုင်ငံ ကရင်ယဉ်​ကျေး​မှုနဲ့​ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​အဖွဲ့​၊​ ကရင်တိုင်း​ရင်း​သား​များ​သမဂ္ဂ စတဲ့​ အဖွဲ့​အစည်း​က ကိုယ်စား​လှယ်​တွေဟာ ​ဖေ​ဖော်ဝါရီ ၁၉ ရက်​နေ့​ မနက် ၁၀ နာရီက ထိုင်း​နိုင်ငံ ချင်း​မိုင်ခရိုင်အုပ်ချုပ်​ရေး​ရုံး​ ပြန်ကြား​ရေး​ဌာနမှာ သတင်း​စာရှင်း​လင်း​ပွဲတရပ် ပြုလုပ်ခဲ့​ပြီး​ ကရင်မိန်း​က​လေး​ငယ်အား​ နှိပ်စက်ညှဉ်း​ပန်း​မှုကို ရှုတ်ချ​ကြောင်း​နဲ့​ ကျူး​လွန်သူကို ဥပ​ဒေ​ကြောင်း​အရ ပြင်း​ပြင်း​ထန်ထန် အ​ရေး​ယူ​ပေး​ဖို့​ ထိုင်း​ဝန်ကြီး​ချုပ် ယင်း​လတ်ရှင်နာဝပ်ထရဆီ စာတ​စောင် ​ပေး​ပို့​ ​တောင်း​ဆိုခဲ့​ပါတယ်။

အဲဒီ ​တောင်း​ဆိုချက်ထဲမှာ ---

(၁) ထိုင်း​နိုင်ငံရဲတပ်ဖွဲ့​အ​နေနဲ့​ ကျူး​လွန်သူကို အမြန်ဆုံး​ရှာ​ဖွေပြီး​ အမြင့်​ဆုံး​ပြစ်ဒဏ် ချ​ပေး​ဖို့​။

(၂) မိန်း​က​လေး​ငယ် မအဲ နဲ့​ သူမိသား​စု​ရော၊​ သူ့​ကို လက်ခံ​စောင့်​ရှောက်ထား​တဲ့​ ကမ်ဖိုင်ဖစ်မြို့​က က​လေး​နဲ့​ မိသား​စု​စောင့်​ရှောက်​ရေး​ဂေဟာက ဝန်ထမ်း​အား​လုံး​ရဲ့​ လုံခြုံ​ရေး​ကို ကာကွယ်​စောင့်​ရှောက်​ပေး​ဖို့​။

(၃) မိန်း​က​လေး​ရဲ့​ ခန္ဓာကိုယ်ကျန်း​မာ​ရေး​နဲ့​ စိတ်ပိုင်း​ဆိုင်ရာကျန်း​မာ​ရေး​ အ​ခြေအ​နေ ပုံမှန်အတိုင်း​ ပြန်ဖြစ်​အောင် အတတ်နိုင်ဆုံး​ ကြိုး​စား​ကုသ​ပေး​ဖို့​။

(၄) မအဲဟာ မိဘ၂ ပါး​က နိုင်ငံခြား​ရွှေ့​ပြောင်း​အလုပ်သမား​ဆို​ပေမယ့်​လည်း​ ထိုင်း​နိုင်ငံမှာ ​မွေး​ဖွား​တဲ့​အတွက် ဥပ​ဒေနဲ့​အညီ ထိုင်း​နိုင်ငံသား​ဖြစ်ခွင့်​ရဖို့​။

(၅) ဒီအမှုနဲ့​ ပတ်သက်ပြီး​ ​ဆောင်ရွက်​ပေး​နေသူ​တွေအ​နေနဲ့​ ဩဇာတိက္ကမရှိသူ​တွေရဲ့​ အာဏာသုံး​ ခြိမ်း​ခြောက်မှုကို မ​ကြောက်ရွံ့​ဘဲ ဥပ​ဒေ​ကြောင်း​အရ တရား​မျှတစွာ​ဆောင်ရွက်ဖို့​နဲ့​ ခွဲခြား​ဆက်ဆံမှု​တွေ မရှိဖို့​ စတဲ့​ အချက်​ပေါင်း​ ၅ ချက်ကိုပါ ​တောင်း​ဆိုလိုက်ပါတယ်။

ဒါ့​အပြင် မိန်း​က​လေး​နဲ့​ မိသား​စု​တွေကို ​ထောက်ပံ့​ကူညီဖို့​အတွက် ကစီကွမ်း​ (​ကေဘဏ်) ချင်း​မိုင် - ဆန်ဆိုင်း​ဘဏ်ခွဲမှာ ၄၀၆ - ၂ - ၄၀၄၄၂ - ၁ နံပတ်နဲ့​ စာရင်း​ တခုဖွင့်​ထား​ပြီး​ ၂၀၁၃ မတ် ၃၁ ရက်​နေ့​အထိ အကူ​ငွေ​တွေ လက်ခံမယ်လို့​ မန်​နေဂျာအွန်လိုင်း​ ထိုင်း​သတင်း​မှာ ​ဖော်ပြသွား​ပါတယ်။

မိန်း​က​လေး​ရဲ့​ ကျန်း​မာ​ရေး​နဲ့​ အမှုကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​ ကမ်ဖိုင်ဖစ်ရဲစခန်း​ ညွှန်ကြား​ရေး​မှူး​ ဗိုလ်မှူး​ကြီး​ အခရဆွန် ဆရီဆူဖတ်က ထိုင်း​သတင်း​ထောက်​တွေကို ဒီက​နေ့​ မနက်က ​ပြောကြား​ခဲ့​ရာမှာ​တော့​ မအဲကို ဒီ​နေ့​မနက်က ခရိုင်ဆရာဝန်ကြီး​နဲ့​အဖွဲ့​က ရာမဓိပတိ ​ဆေး​ရုံကို ​ခေါ်သွား​ပြီး​ ပြသခဲ့​တယ်လို့​ ​ပြောပါတယ်။

သူ့​ဒဏ်ရာ​တွေ နဂိုအတိုင်း​ ပြန်ဖြစ်ဖို့​ ကုသနိုင်မယ့်​ နည်း​လမ်း​တွေ ရှာခဲ့​ပြီး​ အဓိက က​တော့​ နံကြား​နဲ့​ကပ်​နေတဲ့​ လက်​မောင်း​သား​ကို ခွဲစိပ်ဖို့​ဖြစ်​ကြောင်း​၊​ ကံ​ကောင်း​လို့​ မျက်နှာမှာ ဒဏ်ရာမရတာလို့​ ဆိုပါတယ်။

ကျူး​လွန်တယ်လို့​ စွပ်စွဲခံထား​ရတဲ့​ ထိုင်း​လင်မယား​ ၂ ဦး​ကို​တော့​ အမှတ် ၆ တိုင်း​ဒေသ ရဲချုပ်ကြီး​ ဒုဗိုလ်မှူး​ကြီး​ ဝမ်ချိုင်း​ ထနကစ် ရဲ့​ အမိန့်​နဲ့​ ရဲတပ်ဖွဲ့​ဝင်​တွေ ပိုက်စိပ်တိုက် ရှာ​ဖွေ​နေကြပြီး​ သတင်း​စတချို့​ ရထား​ပြီဖြစ်​ကြောင်း​၊​ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ မရှိ​ပေမယ့်​ ထိုင်း​နိုင်ငံထဲမှာပဲ ရှိ​နေ​ကြောင်း​၊​ သူတို့​ ၂ ဦး​လုံး​ အတူရှိ​နေပြီး​ ပရကျင်း​ပူရီခရိုင်က စစ်သား​တဦး​ရဲ့​ အကူအညီနဲ့​ ပုန်း​ရှောင်​နေ​ကြောင်း​နဲ့​ အ​သေး​စိတ်ကို ဒီ ၁ ရက် ၂ ရက်အတွင်း​ သိနိုင်မယ်လို့​ ​မျှော်လင့်​ကြောင်း​ ဗိုလ်မှူး​ကြီး​ အခရဆွန် ဆရီဆူဖတ်က ​ပြောသွား​ပါတယ်။

(ကိုး​ကား​ - မန်​နေဂျာအွန်လိုင်း​ ၊​ ထိုင်း​ပီဘီအက်စ် ၊​ စပရင်း​နယူး​စ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013