Homeမြန်မာသတင်း
မြောက်ဦးတွင် ရဲမိသားစုဝင်များလိုက်ပါလာသည့် ကား ၂ စီးကို အေအေအဖွဲ့ မိုင်းခွဲတိုက်ခိုက်
မြောက်ဦးတွင် ရဲမိသားစုဝင်များလိုက်ပါလာသည့် ကား ၂ စီးကို အေအေအဖွဲ့ မိုင်းခွဲတိုက်ခိုက်
DVB
·
January 13, 2020
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ရဲမော်တော်ယာဉ် နှစ်စီးကို အေအေအဖွဲ့က ဇန်နဝါရီ ၁၁ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြောက်ဦးမြို့၊ နယ်မြေခံရဲတပ်ဖွဲ့ဌာနချုပ်က မိသားစုဝင်တွေ မော်တော်ယာဉ် နှစ်စီးနဲ့ မြောက်ဦးမြို့မဈေးက ဈေးဝယ်ပြီးပြန်လာစဉ် မြောက်ဦးမြို့ ၊ သကျမာန်အောင်ဘုရားအနီးမှာ အေအေအဖွဲ့က ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ထိမှန်ပျက်စီးခဲ့ပေမယ့် လူတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (အေအေ) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ မေလွမ်းအနီးမှာ အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ကား နှစ်စီး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။
ကောင်းကောင်း