DVB Logo
Home
မြန်မာသတင်း
မြန်မာ နှင့် လာအို ပူးပေါင်းပြီး မဲခေါင်မြစ်ကူးတံတား ပန္နက်ချ
DVB
·
February 19, 2013
Donate to DVB

မြန်မာနဲ့ လာအို ၂ နိုင်ငံအစိုးရတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် မဲခေါင်မြစ်ကူးတံတား တည်ဆောက်ဖို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပန္နက်ချလိုက်ပါတယ်။

မြန်မာနိုင်ငံဘက်က ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်  နဲ့ လာအိုနိုင်ငံဘက်က ဆောက်လုပ်ရေးဝန်ကြီး မစ္စတာ ဆုမ်မတ်ဖုန်းဆေနား၊ လုန်နမ့်ထားခရိုင်ဝန်တို့ တက်ရောက် အုတ်မြစ်ချပေးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

အဆိုပါ မြစ်ကူးတံတားဟာ လာအိုနိုင်ငံ လုန်နမ့်ထားခရိုင် ဘန့်ဟွေ့ခုမ်ဒေသ နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ကျိုင်းလပ်ဒေသ ထဲမှာရှိတဲ့ မဲခေါင်မြစ်ကမ်း ၂ ခုကို ဆက်သွယ်ပေါင်းကူးမှာဖြစ်ပြီး ကုန်ကျစရိတ်အားဖြင့် အမေရိကန်ဒေါ်လာ ၁၈ သန်း ကုန်ကျမယ်၊ မြန်မာ နဲ့ လာအို ၅၀ ရာခိုင်နှုန်းစီ ကုန်ကျခံမယ်လို့ ဆိုပါတယ်။

တံတားအရှည် ၆၉၁ ဒဿမ ၆ မီတာ ၊ အကျယ် ၈ ဒဿမ ၅ နှစ်လမ်းသွား ကားလမ်းဖြစ်ပြီး  ငလျင်ပြင်းအား ၇ ရစ်ချတ်တာထိ ခံနိုင်အောင် ဆောက်လုပ်ထားပြီး ၇၅ တန် အလေးချိန်တင်ဆောင်တဲ့ ၁၀ ဘီးကား ဖြတ်သန်းနိုင်အောင် စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီတံတားကနေတဆင့် တရုတ်နိုင်ငံ မြောက်ပိုင်း နဲ့ ဗီယက်နမ်နိုင်ငံ ထိပါ ပေါက်ရောက်တဲ့ 17 E  လမ်းမကြီးထိ သွားနိုင်မယ့်အပြင် မြန်မာဘက်ခြမ်းက R3 B လမ်းမကြီးကနေ တဆင့် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထိ ခရီးပေါက်နိုင်မယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013