အစိုးရနှင့် တိုင်းရင်းသားမဟာမိတ်တို့ ချင်းမိုင်တွင် နိုင်ငံရေးဆွေးနွေးပွဲ စတင်မည်
အေးနိုင်
·
February 19, 2013
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ညှိနှိုင်းဖို့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီက ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်ကို ဒီကနေ့ မနက် ရောက်ရှိနေပါတယ်။ သူတို့ဟာ ယူအန်အက်ဖ်စီနဲ့ မနက်ဖြန် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင်ပြီး အကြိုညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖွဲ့မှာ လိုက်ပါလာတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာကျော်ရင်လှိုင်ကို ဒီဗွီဘီက မေးမြန်းရာမှာတော့ ပြည်တွင်းပုန်းအောင်းနေထိုင်သူတွေ ဒုက္ခသည်တွေအဖို့ မကြာမြင့်တဲ့အနာဂတ်ကာလမှာ ကိုယ့်တိုင်းပြည်မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့ဘ၀ကို ရောက်ဖို့ မျှော်လင့်နိုင်ပြီလို့ ပြောပါတယ်။
ဒေါက်တာကျော်ရင်လှိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။