DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စခန်းသို့ပို့မည့် ၀ါးလုံးတင်ယာဉ်တန်း ဆန္ဒပြပြီးမှ ၀င်ခွင့်ရ
DVB
·
February 19, 2013
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ် မယ်လဒုက္ခသည်စခန်းက တဲအိမ်တွေ ပြန်ပြင်ဆောက်ဖို့ ၀ါးလုံးတွေ လာပို့တဲ့ကားကို နယ်မြေခံအာဏာပိုင်တွေက ၀င်ခွင့်ပိတ်ပင်တားဆီးခဲ့တဲ့အတွက် ရွာသားတွေ ဆန္ဒပြပြီးနောက်ပိုင်း  ပြေလည်မှုရသွားခဲ့ပါတယ်။

မနေ့ မနက်ပိုင်းက ဆန္ဒပြမှုတွေအပြီး ညနေပိုင်းမှာ ပြေလည်မှုရသွားတဲ့အတွက် ရွာသားတွေက ၀ါးလုံးတွေ လာသယ်ကြတာ ကုန်လုနီးပါးရှိပြီလို့ မယ်လဒုက္ခသည်စခန်း လုံခြုံရေးမှူး စောအားမူက ပြောပါတယ်။

ဒီပြဿနာက  မြို့နယ်အာဏာပိုင်နဲ့ လုပ်ငန်းရှင်ကြား ညှိနှိုင်းမရလို့ ဖြစ်ရတာ ဆိုပေမယ့် ၀ါးလုံးသယ်ဖို့အတွက် အဝေးကြီးကနေ လာစောင့်ရတဲ့ ရွာသားတွေ အချိန်ကုန် လူပန်းဖြစ်ခဲ့ရတယ်လို့ ရွာသားတဦးက ပြောပါတယ်။

ဝါးလုံးတွေ သယ်ခွင့်မရခဲ့ရင် စခန်းက ပြင်ဆင်ဆောက်လုပ်ရမယ့် အိမ်ပေါင်း ၇ ထောင်ကျော်နဲ့ မသန်စွမ်းသူတွေ နေထိုင်ရေးကိစ္စပါ စိုးရိမ်ရတဲ့အတွက် ဆန္ဒပြရတာလို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များကူညီရေးကော်မတီ (တီဘီဘီစီ) ရဲ့ ထောက်ပံ့မှုနဲ့ ၀ါးလုံးတွေ အပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကား ၄ စီးဟာ  ဒုက္ခသည်စခန်း ဇုန်ဘီအ၀င်လမ်းမှာ ထိုင်းအာဏာပိုင်တွေရဲ့ ပိတ်ဆို့ဟန့်တားမှုကို ခံခဲ့ရတဲ့အတွက် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့ခင်းပိုင်းက ဒုက္ခသည် ၁၀၀ ကျော် ဆန္ဒပြခဲ့တာပါ။

ပိတ်ပင်ဟန့်တားဖို့ အမိန့်ပေးခဲ့သူကတော့ ထာ့ဆောင်ယန်း မြို့နယ်အုပ်ချုပ်ရေးမှူး  နိုင်းဆုမ်ချိုင်း တရိုင်းထိပ့်ချတ်ဆကွန်း ဖြစ်ပြီး ပိတ်ပင်တားဆီးရတဲ့အကြောင်းရင်းကို မသိရကြောင်း ဂိတ်စောင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ထိုင်းသတင်းတွေအရ ၀ါးလုံးတွေ တင်ဆောင်ဖို့အတွက်  ဒေသတွင်း အာဏာရှိသူတဦးက ၀ါးလုံးရောင်းတဲ့ လုပ်ငန်းရှင်ဆီကနေ ဘတ်ငွေ ၉ သောင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် လုပ်ငန်းရှင်က ဒုက္ခသည်စခန်းကို ၀ါးလုံးတွေ တင်သွင်းမယ့်ကိစ္စကို တီဘီဘီစီ အနေနဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနဆီက ခွင့်ပြုချက်ရပြီးဖြစ်တဲ့အတွက် မပေးနိုင်ကြောင်း ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013