DVB Logo
Home
သတင်းတို
ဆေးတွေ ၁၄ ဆ ဖိုးလောက် ၀ယ်ဖို့ ဘတ်ဂျက်ရှိပေမယ့် ၀ယ်ယူရေး အခက်ကြုံ
DVB
·
February 19, 2013
Donate to DVB

လာမယ့် ၂၀၁၃-၁၄ ကျန်းမာရေးဘတ်ဂျက်ကို အရင်နှစ်ကထက် ၄ ဆ တိုး ချပေးတဲ့အတွက် ပြည်သူ့ဆေးရုံတွေ အတွက် ဆေးဝယ်ယူရေးကိုလည်း ၁၄ ဆလောက် တိုးမြှင့် သတ်မှတ်ခဲ့ပေမယ့် ၀ယ်ယူရေး အခက်အခဲတွေ့နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

ဝန်ကြီးက ဆေးရုံတွေအတွက် ၂၀၁၁-၁၂ ဘတ်ဂျက်မှာ ကျပ်ငွေ ၁ ဒဿမ ၆ ဘီလီယံဖိုး၊ ၂၀၁၂-၁၃ မွာ ၃ ဒဿမ ၅ ဘီလီယံဖိုး ၀ယ်ယူခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်အတွက် ဘီလီယံ ၅၀ အထိ ၀ယ်ယူဖို့ သတ်မှတ်ခဲ့တယ်လို့ ရှင်းပြပါတယ်။

ဒါပေမယ့် ဆေးရုံတွေဟာ နှစ် ၂၀ လောက် ဆေးထောက်ပံ့တာ မရှိတဲ့အတွက် ဘာဆေးတွေ လိုအပ်သလဲဆိုတဲ့ စာရင်းဇယား တိတိကျကျ မရှိတာ၊ ဘီလီယံ ၅၀ ဖိုးလောက် ဆေးတွေ သွင်းပေးနိုင်တဲ့ ဆေးကုမ္ပဏီ မြန်မာနိုင်ငံထဲမှာ မရှိတာ၊ အိမ်နီးချင်းနိုင်ငံတွေကို လေ့လာကြည့်တော့ အနည်းဆုံး ၂ နှစ် ကြိုတင်ပြင်ဆင်ရတာ စတဲ့အချက်အလက်တွေကြောင့် အခက်အခဲ အများကြီး ကြုံရတယ်လို့ အမတ်တွေကို ရှင်းပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013