Home
မြန်မာသတင်း
ပုသိမ်ပညာရေးတက္ကသိုလ်တွင် ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်
DVB
·
January 10, 2020
83056903_758548181296194_8120458764915572736_o
82123437_758548404629505_3816306599748698112_o
81856314_758548571296155_4748202180995973120_n
82067369_758548731296139_7718476106914856960_n
81924793_758548527962826_7336077743869657088_n
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရဲ့ မတ်လကုန်ထိ စာသင်ကာလသတ်မှတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်း ကမ်ပိန်းကို ဧရာဝတီတိုင်း၊ ပုသိမ်ပညာရေးကောလိပ်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဖဲကြိုးစိမ်းကမ်ပန်းလုပ်မယ့် အကြောင်းကို မနေ့ညနေပိုင်းက လာပြောတာနဲ့ တခြားကျောင်းတွေမှာ လည်းလုပ်တာတွေရှိနေတော့ ခွင့်ပြုပေးလိုက်တာလို့ ပုသိမ်ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနိုင်က ပြောပါတယ်။ "အော်တာဟစ်တာတွေ မလုပ်ဘူး။ သတ်မှတ်ပေးတဲ့ နေရာမှာပဲ ဖဲကြိုးအစိမ်းလေးတွေကို ရင်ဘတ်တွေမှာ တပ်ပေးပြီး အေးအေးချမ်းချမ်းပဲ ပြီးသွားပါတယ်။” အခုလို ဖဲကြိုးစိမ်း Campaign ပြုလုပ်ရတာဟာ ကျွန်ပ်တို့ကျောင်းသားများသမဂ္ဂ အခြေခံဆရာ၊ ဆရာမများနဲ့ တစ်သားတည်းရှိကြောင်း၊ အောက်ခြေဆန္ဒသဘောထားမပါသော ပညာရေး ဝန်ကြီးဌာနရဲ့ လုပ်ရပ်ကို ကန့်ကွက် ဆန္ဒထုတ်တာလို့ ပုသိမ်ပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂက ပြောပါတယ်။ "ကျောင်းပြီးတာနဲ့ ကျမတို့က အခြေခံပညာဦးစီးဌာန လက်အောက်ကိုသွားရမှာ၊ ခုဆိုရင် အခြေခံမှာ ဘာတွေဖြစ်နေလဲဆိုတော့ မတ်လကုန်ထိ မူလတန်းတွေ အလယ်တန်းတွေ ကျောင်းတွေ တက်ရမယ်၊ ၁၀ တန်စာမေးပွဲပြီးမှ စာမေးပွဲဖြေဆိုမယ်၊ ပြီးမှကျောင်းပိတ်မယ်ဆိုတော့ အမှန်တကယ်မဖြစ်သင့်ဘူးလို့ ကျမတို့ ပညာရေးဝန်ထမ်းတွေအနေနဲ့ရော ပညာရေးကျောင်းသားသမဂ္ဂတွေအနေနဲ့ရော ယူဆပါတယ်”လို့ ပုသိမ်ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မခိုင်ဇင်နွယ်မှ ဒီဗွီဘီကို ပြောပါတယ်။ စာသင်ကာလတိုးမြင့်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့ စနစ်ကို ကျောင်းသား၊ မိဘ၊ ဆရာ တို့နဲ့ အစိုးရအဖွဲ့ ပညာရေးဝန်ကြီးဌာနက တာဝန် ရှိသူတွေ့ဆုံ ဆွေးနွေးပြီးတဲ့အချိန်ထိ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ပုသိမ်ပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂ ဆိုပါတယ်။ ဖဲကြိုးစိမ်းကမ်ပိန်းလှုပ်ရှာတာကို မန္တလေးတိုင်း၊ မန္တလေးပညာရေး ကောလိပ်မှာလည်း ဒီနေ့ပြုလုပ်ခဲ့ကြပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024