Home
မြန်မာသတင်း
မြောက်ဦး အုတ်ဖိုကန်ရွာတွင် လက်နက်ကြီးကျသဖြင့် ၄ ဦး ဒဏ်ရာရ
ဝဏ္ဏခွာညို
·
January 10, 2020
82529308_968423186847022_2802997048662556672_n
82431510_968423240180350_8896813875064733696_n
82291915_968423266847014_6764565442431287296_n
82228298_968423320180342_4570455126954737664_n
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာမှာ ဇန်နဝါရီ ၉ ရက်နေ့ နေ့လယ်ပိုင်း ၃ နာရီခွဲလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် ၃ ယောက်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကျေးရွာတာဝန်ခံက ပြောပါတယ်။ “တပ်မတော်ဘက်က ဝေသာလီ၊ ပေါက်တောပြင်ဘက်က စစ်ကြောင်းထွက်လာကြတယ်။ ကျနော်တို့ ရွာအနားမှာ မရောက်ခင် သူတို့မှာပါလာတဲ့ လက်နက်ကြီးတွေနဲ့ ရှေ့ကိုလှမ်းပစ်တယ်။ အဲ့ဒီမှာ ကျနော်တို့ရွာကိုကျတယ်။ လက်နက်ကြီးကျည်ကျလို့ ၄ ယောက်ဒဏ်ရာရသွားတယ်။ လေးယောက်လုံးကိုတော့ နာရေးကားနဲ့ ဆေးရုံးကိုယူသွားတယ်။ အခြေအနေဘယ်လိုလဲဆိုတာ ပြောလို့မရဘူး။ အခုလည်းပဲ ကျနော်တို့ အုတ်ဖိုကန်ကျေးရွာအနားမှာ စစ်သားတွေက ရှိနေတုန်းပဲ။” ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေါ်အေးမြသိန်းက “တိုက်ပွဲဖြစ်တာ မရှိပါဘူး။ မြေးတွေကအိမ်ရှေ့မှာ ဆော့ကစားနေကြတာ။ အဲ့ဒီမှာ လက်နက်ကြီးက လာကျတာ။ အဲ့ဒီလက်နက်ကြီးက ပြန့်ကြဲ ပြီးတော့ကျတာ။ အဲ့နားမှာရှိတဲ့ သုံးယောက်ထိခိုက်ဒဏ်ရာရတယ်။ နောက်လူကြီးတယောက် ဒဏ်ရာတယ်။ လမ်းမထက်ကလည်း စစ်ကြောင်းသွားနေတယ်။ အဲ့ဒီကနေ လှမ်းပစ်လိုက်တာ။ လက်နက်ကြီးကျရောက်ခဲ့လို့ အနီးအနားက သရက်ပင်တွေ လဲကျသွားသလို နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားတယ်။” ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေရဲ့ အခြေအနေတွေကို မသိရသေးဘဲ မြောက်ဦးဆေးရုံးမှာ ဓာက်မှန်ရိုက်ပြီးမှ အခြေအနေသိရမယ်လို့ ထိခိုက်ဒဏ်ရာရှိသွားတဲ့ မိသားစုဝင်တွေက ပြော ဆိုပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်ရာမှာ ဖုန်းကိုင်ပေမယ့် တစုံတရာတုံ့ပြန်ပြောဆိုတာမရှိပါဘူး။  မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာမှာ ရက္ခိုင့်တပ်တော်အေအေနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024