Home
မြန်မာသတင်း
ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးကို ကျပ်သန်း ၁၂၁ သန်းသုံးစွဲပြီး ပြန်တူးဖော်မည်
DVB
·
January 10, 2020
မွန်ပြည်နယ် ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီး အပေါ်ကျုံးကို ကျပ်သန်းပေါင်း ၁၂၁ သန်း အကုန်ကျခံ သုံးစွဲပြီး ပြန်လည်တူးဖော်သွားမယ်လို့ သိရပါတယ်။ မွန်ပြည်နယ်၊ ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှ အရှေ့ အပေါ်ကျုံးကို ဇန်နဝါရီလကုန်က စတင်ပြီး ဧပြီလကုန်အထိ ရာနှုန်းပြည့်ပြီးစီးတဲ့အထိ ပြန်လည်တူးဖော်သွားမယ်လို့ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ နွေရာသီဆို ရေခန်းခြောက်လေ့ရှိတာကြောင့် ရေသိုလှောင်ဖို့ ရေအရင်းမြစ်နေရာတခု ဖြစ်စေဖို့၊ အပန်းဖြေအနားယူတဲ့ နေရာ သာယာလှပစေဖို့နဲ့ မီးဘေးအန္တရာယ်အတွက် တဖက်တလမ်းက အထောက်အကူပြုနိုင်ဖို့ ပြန်လည်တူးဖော်ရတာလို့ ဆိုပါတယ်။ အကျယ်အဝန်းက ၉ ဧက ရှိပြီး လက်ရှိအနက်ပေ ၅ပေ ကို တင်ဒါအောင်မြင်ခဲ့တဲ့ အားမာန် ဖြိုးကုမ္ပဏီက မွန်ပြည်နယ်အစိုးရရဲ့ ခွင့်ပြုရန်ပုံငွေနဲ့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌါန ၂၀၁၉ ၂၀၂၀ ဘဏ္ဍရေးနှစ် ကျပ်သန်းပေါင်း ၁၂၁ သန်း အကုန်ကျခံ သုံးစွဲပြီး ပြန်လည်တူးဖော်သွားမယ်လို့ သိရပါတယ်။ ရှေးဟောင်းကျုံးတော်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော်ကစပြီး ရှေးမွန်ဘုရင် အဆက်ဆက်တို့က ခံတပ်မြို့အသွင်နဲ့ သမိုင်းအမွေအနှစ်ဖြစ်တဲ့ ကျုံးကြီးဖြစ်ပြီး အပေါ်ကျုံးနဲ့ အောက်ကျုံးဆိုပြီး ရေးမြို့သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024