DVB Logo
Home
သတင်းတို
လွှတ်တော်အမတ် ခြိမ်းခြောက်စာရရှိ
DVB
·
February 19, 2013
လွှတ်တော်အမတ် ခြိမ်းခြောက်စာရရှိ
Donate to DVB

အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေဟာ သူ့ဆီလိပ်မူထားတဲ့ ခြိမ်းခြောက်စာတစောင်ကို လွှတ်တော်ရုံးကနေတဆင့် လက်ခံရရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီစာထဲမှာ ကချင်ဘင်လာဒင် ဆိုသူက ဦးလှဆွေတို့ သားစဉ်မျိုးဆက်အားလုံးကို တွေ့ရာသချုင်္ိင်း ဓားမဆိုင်းဘဲ ရန်သူလို့ သတ်မှတ်သွားမယ့်အကြောင်း ပြင်းပြင်းထန်ထန် ရေးသား ဖော်ပြထားပါတယ်။

ဦးလှဆွေကတော့ ငြိမ်းချမ်းရေးရဖို့ဆိုရင် သူ့အသက်ကိုလည်း မနှမြောသလို သူ့မိသားစုလည်း အတူတူပါပဲလို့ ပြောပါတယ်။ ကေအိုင်အိုအဖွဲ့ကိုလည်း ကေအန်ယူလို ကိုယ့်ဒေသလူထုကို ဒုက္ခမပေးတော့ဘဲ ဒေသဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့အဖွဲ့ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေဟာ လွှတ်တော်အတွင်း ကချင်စစ်ပွဲကိစ္စ ဆွေးနွေးစဉ် ငြိမ်းချမ်းရေးအတွက် ရွှေလက် နဲ့ ခေါ်လို့မလာရင် ကျည်ဆန်တွေ ပေးဖို့ပဲ ရှိတယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဝေဖန်မှုဂယက်တွေ ပေါ်ထွက်စေခဲ့သူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013