Home
မြန်မာသတင်း
လပွတ္တာမြို့ ကားဂိတ်နားနေဆောင်တွင် အိပ်ပျော်နေသည့် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရ
DVB
·
January 10, 2020
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့မှာ ထက်ဦးကားဂိတ် နားနေဆောင်အတွင်း အိပ်ပျော်နေတဲ့ အမျိုးသမီးအား လက်မှတ်ရောင်းချသူက အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ လပွတ္တာရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ လပွတ္တာမြို့နယ်နေ မ _______ အသက် ၂၅ နှစ်ဟာ ဇန်နဝါရီ ၈ ရက်မနက်ပိုင်းက ထက်ဦးအငှား မော်တော်ယာဉ်အမှတ် YGN / 2 P 3049 နဲ့ ရန်ကုန်မြို့ကနေ လပွတ္တာမြို့ကို ထွက်ခွာခဲ့ရာ ညနေ ၃ နာရီ အချိန်လောက်မှာ အမှတ် ၆ ရပ်ကွက် ဘုရားလမ်းရှိ ထက်ဦးမော်တော်ယာဉ်ကားဂိတ်ကို ရောက်ရှိလာခဲ့ကြောင်း၊ မိမိနေထိုင်တဲ့ ဘိုကုန်းကျေးရွာပြန်ဖို့ လိုင်းသင်္ဘောမရှိတော့တာကြောင့် ထက်ဦးကာဂိတ်ရှိ ဧည့်သည်နားနေဆောင်မှာ တဦးတည်းအိပ်ခဲ့ရာ ည ၁၀ နာရီအချိန်လောက် အိပ်ပျော်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။ ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ထက်ဦးကားဂိတ်က ကားလက်မှတ်ရောင်းချတဲ့ ကျော်နိုင်ထူးက ဦးခေါင်းအား လက်နဲ့ လာပွတ်တာကြောင့် လန့်နိုးသွားကြောင်း၊ ဒီနောက် သူမအား “ မအော်နှင့် အော်ရင်သတ်ပစ်မည်” ဟု ခြိမ်ခြောက် ပြောဆိုပြီး ၁၅ မိနစ်ခန့် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း လပွတ္တာမြို့မရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသမီးတဦးအား အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ ကျော်နိုင်ထူးအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ လပွတ္တာမြို့မစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ကျော်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024