Home
မြန်မာသတင်း
စာသင်ကာလတိုးမြှင့်မှုကို ကန့်ကွက်သည့်အနေဖြင့် ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်
ဆုဆုသွယ်
·
January 8, 2020
82302091_2676885219059236_2899221212494299136_o
82283492_2676885405725884_1331927465102147584_o
81776062_2676884959059262_8859971916182585344_o
81715382_2676884965725928_5441100536076042240_o
81692914_2676884852392606_3774603021355319296_o
81674816_2676884775725947_667614982120144896_o
81631365_2676884455725979_1473886961847500800_o
ပညာရေးဝန်ကြီးဌာနကနေ အခြေခံပညာစာသင်ကျောင်းတွေကို မတ်လအကုန်အထိ စာသင်ကာလ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်ပညာရေးတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဖဲကြိုးစိမ်းလှုပ်ရှားမှုကိုတော့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်လုပ်ဆောင်တာဖြစ်ပြီး ကျောင်းသား/ကျောင်းသူတွေကို ဖဲကြိုးစိမ်းတွေ မျှဝေပေးခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ အခြေခံပညာရေးလုပ်ငန်းခွင်မှ ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေရဲ့ သဘောထားတွေကို ကောက်ခံမှုမရှိဘဲ မိမိတို့သဘောဆန္ဒအရ အခုလို စာသင်ကာလတိုးမြှင့်လိုက်တာဟာ ဆရာတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားအားလုံးအတွက် အခက်အခဲဖြစ်နိုင်တာကြောင့် ကန့်ကွက်ရတာလို့ ဖဲ ကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ ကော်မတီဝင်တဦးဖြစ်တဲ့ ကိုအောင်ပြည့်စုံဖြိုးက ဒီဗွီဘီကို ပြောပါတယ်။ ဖဲကြိုးစိမ်းလှပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပညာရေး တက္ကသိုလ်တွေနဲ့ ပညာရေးကောလိပ်တွေမှာ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေကို ဇန်နဝါရီလ ၇ ရက်နေ့ကနေ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။  ပညာရေးဝန်ကြီးဌာနကနေ ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေ နဲ့ ညှိနှိုင်းတိုင်ပင်ပြီး စာသင်ကာလအသစ် ပြန်လည်သတ်မှတ်တဲ့အချိန်မှသာ ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရပ်နားသွားမယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီက သဘောထားထုတ်ပြန်ကြေညာထားပါတယ်။  အခြေခံပညာမှာ စာသင်ကာလတိုးမြှင့်တဲ့အပေါ် ပညာရေးကျောင်းသားသမဂ္ဂတွေက ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေ လုပ်ဆောင်သလို မြန်မာနိုင်ငံ ဆရာ/ဆရာမများအဖွဲ့ချုပ် အပါအဝင် ဆရာသမဂ္ဂတွေကလည်း ကန့်ကွက်ကြောင်းကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024