Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ထင်းရှာသွားသူများ မိုင်းနင်းမိ၊ ကလေးငယ် ၄ ဦး သေဆုံး
DVB
·
January 7, 2020
82802950_211544313201303_6827846047461539840_n
2
1
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်ရံအုပ်စု၊ ထိပ်တူးပေါက်ကျေးရွာမှာ ဒီနေ့မနက် ၁၀ နာရီက ထင်းရှာသွားတဲ့သူတွေ မိုင်းနင်းမိတာကြောင့် ကလေးငယ် ၄ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရှိခဲ့တယ်လို့ ဘူးသီးတောင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေက အတည်ပြုပြောပါတယ်။ "ဟုတ်ပါတယ်။ ၄ ဦးသေသွားတယ်။ ၆ ဦးဒဏ်ရာရရှိတယ်။ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းဆဲပါ" လို့ ပြောပါတယ်။ သေဆုံးသူတွေဟာ အသက် ၈ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်တွေ ဖြစ်တယ်လို့ သေဆုံးသွားတဲ့ ကလေးငယ်တဦးရဲ့ဖခင် မာမတ်ဆော်လိမ်က ပြောပါတယ်။ "ထင်းသွားရှာကြတဲ့ ကလေးတွေပါ။ မိုင်းကတော့ ဘယ်အဖွဲ့က ထောင်တာလည်း မသိပါဘူး။ နင်းမိသူနဲ့အနီးဆုံး ၄ ဦးက သေဆုံးသွားပါတယ်။ ဒဏ်ရာရရှိသူ ၆ ဦးကို ဘူးတောင်ဆေးရုံကို ပို့ဆောင်ထားပါတယ်။" ထိပ်တူးပေါက်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦး ၁၀၀၀ ကျော် နေထိုင်တဲ့ ရွာဖြစ်ပါတယ်။ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ရဲ့ တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေမှာ ဒေသံတွေ  မကြာခဏ မိုင်းနင်းမိပြီး သေဆုံး၊ ဒဏ်ရာရရှိမှုတွေ ရှိနေတာပါ။ ရခိုင်ပြည်နယ်အတွင်းမှာ မိုင်းထိမှန်တာ၊ လက်နက်ကြီးကျည်ထိမှန်တာနဲ့ ပစ်ခတ်ခံရတာတွေ ကြောင့် အရပ်သား ၁၀၀ လောက် သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀၀ လောက်အထိရှိတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ သိရပါတယ်။ ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024