ဂျပန်ရုပ်ရှင်ပွဲတော် ရန်ကုန်မြို့တွင် ၁၀ ရက်ကြာ ကျင်းပမည်
DVB
·
January 7, 2020
နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့မှာ လာမယ့် ဇန်နဝါ ရီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၁၀ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပြီး ဂျပန်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို ထင်ဟပ်ပုံဖော်ထားတဲ့ ဂျပန်ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ပြသသွားမှာ ဖြစ်ပါတယ်။
နေပြည်တော်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသွားခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ပွဲတော်မှာ ဂျပန်ရုပ်ရှင်ကားပေါင်း ၁၁ ကားထိ ပြသသွားမှာဖြစ်ပြီး အက်ရှင်၊ ဟာသ၊ ဒရာမာနဲ့ အန်နီမေးရှင်းကာတွန်းရုပ်ရှင်ကားတွေပါ အမျိုးအစားစုံစုံလင်လင် ပြသသွားမှာ ဖြစ်ပါတယ်။
ပြသသွားမယ့် ရုပ်ရှင်ရုံတွေကတော့ နေပြည်တော်ရုပ်ရှင်ရုံ၊ JCGV ရုပ်ရှင်ရုံ (Junction City)နဲ့ မင်္ဂလာရုပ်ရှင်ရုံ(တာမွေ)တွေဖြစ်ပြီး ရုပ်ရှင်မစမီ အချိန်တနာရီအလိုမှာ လက်မှတ်တွေ ရယူကာ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပြသမယ့် ရုပ်ရှင်ကားတွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဂျပန်ရုပ်ရှင် ပွဲတော် ဖေ့စ်ဘွတ်ခ်စာမျက်မှာ https://www.facebook.com/events/869385976814233/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။