သြစတြေးလျ တောမီးမှလွတ်ရန် သားပိုက်ကောင်များ ဘေးလွတ်ရာ ထွက်ပြေး (ရုပ်သံ)
DVB
·
January 6, 2020
သြစတြေးလျ တောမီးလောင်မှုအတွင်း မီးခိုးတွေ တထောင်ထောင်ထနေတဲ့ တောင်ကုန်း တခုအပေါ် သားပိုက်ကောင်တအုပ် ခုန်တက်သွားခဲ့တဲ့ ပုံရိပ်တွေကို မျက်မြင်ကြုံတွေ့ခဲ့သူ တဦးက ဗွီဒီယိုရိုက်မှတ်တမ်းတင်ခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်ရောက်ရှိလာတဲ့ ဒီဗွီဒီယိုမှာ သားပိုက်ကောင်တွေဟာ နယူးဆောက်ဝေးက ဘရက်ဘိုဒေသအနီးမှာရှိတဲ့ မီးခိုးထနေတဲ့ မိုနာရိုမြက်ခင်းပြင်တလျှောက်ဖြတ်သန်းသွားလာနေ တာကို မြင်တွေ့ရပါတယ်။
သားပိုက်ကောင်တွေဟာ ချုံပုတ်တွေထဲက ထွက်ပေါ်လာတာဖြစ်ပြီး ပူလွန်းတဲ့အပူရှိန်ကြောင့် ရေရှာ ထွက်လာခြင်းဖြစ်ကြောင်းနဲ့မြက်ခင်းပြင်နဲ့အနီးဆုံး မီးလောင်ပြင်ဟာ ၁၀ ကီလိုမီတာ အဝေးမှာ ရှိနေကြောင်း ဒီဗွီဒီယိုကို ရိုက်ကူးခဲ့တဲ့ မစ်ချယ်လွန်းဆိုသူကပြောပါတယ်။
လက်ရှိမီးလောင်မှုဖြစ်ပွားနေတဲ့ သြစတြေးနိုင်ငံရဲ့ချုံပုတ်ဒေသဟာ သားပိုက်ကောင်၊ ကိုအာလာဝက်ဝံနဲ့ တောရိုင်းတိရစ္ဆာန်များမှီတင်းနေထိုင်ရာအရပ်ဖြစ်ပြီး မီးကြောင့်တိရစ္ဆာန်တွေ နေထိုင်ရာ ဧရိယာတွေပျက်စီးနေတာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။
သြစတြေးလျနိုင်ငံရဲ့မီးဟာ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးကြောင့် တိရစ္ဆာန် သေဆုံးမှု ဘယ်လောက်ရှိနေပြီလဲ အတိအကျမသိရသေးပေမယ့် အနည်းဆုံး သန်း ရာချီရှိနေပြီလို့ သိရပါတယ်။