Homeအနုပညာ
မြင့်မြတ်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါတို့ ပါဝင်သည့် ၃ ပွင့်ဆိုင်အချစ်ဒရာမာရုပ်ရှင်-မိုက်မဲချစ်(နမူနာ)
မြင့်မြတ်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါတို့ ပါဝင်သည့် ၃ ပွင့်ဆိုင်အချစ်ဒရာမာရုပ်ရှင်-မိုက်မဲချစ်(နမူနာ)
DVB
·
January 6, 2020
မြန်မာအချစ်ဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ မိုက်မဲချစ်ကို လာမယ့် ဇန်နဝါရီ ၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေးဆရာမ လွန်းထားထားရဲ့ဝတ္ထုကို ဒါရိုက်တာ ဇော်မျိုး(ခရေပုံပြင်)က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။
သုံးပွင့်ဆိုင် အချစ်ဒရာမာ ရုပ်ရှင်ကားတကားအနေနဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားထဲမှာတော့ မိုက်မဲချစ်ဆိုတဲ့အတိုင်း ထစ်ချုန်း၊ မယ်ယွန်းဘုံ၊ ကသစ်နီ စတဲ့ ဇာတ်ကောင်တွေရဲ့ အချစ်ကို ကိုးကွယ်ပြီး မိုက်မိုက်မဲမဲ အားပြိုင်မှုတွေကို ရှုစားကြရမှာဖြစ်ပါတယ်။
ဒီကားထဲမှာ သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ မြင့်မြတ်၊ ရွှေမှုံရတီနဲ့ ခင်ဝင့်ဝါတို့က အပြိုင်သရုပ်ဆောင်ထားကြပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။