ဘရားဇီးကြယ်ပွင့်ကို တောင်းဈေးထက် ထက်ဝက်လျော့ပြီး ရီးရဲလ်ခေါ်

ဖလာမင်ဂိုအသင်း တိုက်စစ်မှူး ရာနီယာဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အခုလနှောင်းပိုင်းမှာ ယူရို ၃၅ သန်းနဲ့ တရားဝင်ရောက်ရှိလာတော့မယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။  ရာနီယာဟာ ဇန်နဝါရီ ၁၉ ရက်မှာ အသက် ၁၈ နှစ်ပြည့်မှာဖြစ်ပြီး သူဟာပြီးပြည့်စုံတဲ့ ဆယ်ကျော်သက်ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရသူပါ။ ရီးရဲလ်ဟာ သူ့ကိုခေါ်ယူဖို့ ဘာစီလိုနာ၊ အက်သလက်တီကို စတဲ့ လာလီဂါပြိုင်ဘက်တွေကို လက်ဦးမှုရယူခဲ့တာဖြစ်ပြီး ဖလာမင်ဂိုနဲ့ ရီးရဲလ်နှစ်သင်းစလုံးက ဒီအပြောင်းအရွှေ့ကို ကစားသမား အသက် ၁၈ နှစ်ပြည့်ပြီးနောက်ပိုင်းမှာမှ တရားဝင်ကြေညာသွားဖွယ်ရှိပါတယ်။  အရည်အသွေးမြင့်မားပြီး ဥရောပအသင်းကြီးတွေရဲ့ပစ်မှတ် ရာနီယာကို ဖလာမင်ဂိုအသင်း က ယူရိုသန်း ၇၀ တောင်းဆိုခဲ့တာဖြစ်ပေမယ့် ရီးရဲလ်အသင်းကတော့ ဒီဈေးရဲ့ထပ်ဝက်လောက်နဲ့ရ အောင်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။  သတင်းတွေ ထွက်ပေါ်လာမှုအရ ဖလာမင်ဂိုအသင်းဟာ ပြောင်းရွှေ့ကြေးရဲ့ ၈၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းကိုတော့ ကစားသမားနဲ့ အေးဂျင့်တို့က ရရှိမှာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့ အသက်  ၁၇ နှစ်အရွယ်တိုက်စစ်မှူးဟာ သူ့ရဲ့စီနီယာကစားသမား ဘဝကို ပြီးခဲ့တဲ့နှစ်ဇူလိုင်လကမှ စတင်ခဲ့သူဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အသင်းအတွက် ခြောက်ဂိုးသွင်းယူပေးနိုင်ခဲ့ကာ Campeonato Brasileiro Serie A ဖလား ဆွတ်ခူး နိုင်အောင်စွမ်း ဆောင်ပေးနိုင်ခဲ့ပါတယ်။  ရာနီယာဟာ ဖလာမင်ဂိုအသင်းနဲ့စာချုပ်သစ်ကို နိုဝင်ဘာလကမှ ချုပ်ဆိုခဲ့သူဖြစ်ပြီး စာချုပ်သစ်ကြောင့် သူဟာ အသင်းမှာ ၂၀၂၄ ခုနှစ်အထိရှိဖို့ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စပိန်အင်အားကြီးကလပ်အသင်းတွေရဲ့ ဆွဲဆောင်မှုကို ဒီစာချုပ်က တောင့်ခံ နိုင်ခြင်းမရှိခဲ့ဘဲ ရာနီယာဟာလည်း သူ့စီနီယာကစားသမားတဦးဖြစ်တဲ့ ဗင်နီစီးယပ် ဂျူနီယာလိုပဲ ရီးရဲလ်အသင်းကို ရောက်ရှိလာခဲ့တာပါ။ ရာနီယာဟာ ဇူလိုင်လ ကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲဝင် ဘရာဇီးလ် ယူ-၂၃ အသင်းမှာ ရွေးချယ်ခံရဖို့ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up