Live
Home
မြန်မာသတင်း
၂၀၁၉ ခုနှစ်အတွင်း အမြန်လမ်း၌ ယာဉ်မတော်တဆမှုကြောင့် လူ ၁၀၀ ကျော်သေဆုံး၊ ၁၀၀၀ ကျော် ဒဏ်ရာရ
DVB
·
January 3, 2020
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ  ၂၀၁၉ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၀၆ ဦး သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ယာဉ်တိုက်ခိုက်မှုပေါင်း ၅၂၁ မှုမှာ ဆိုင်ကယ်တိုက်မှု ၈၂ စီး၊ saloon/wagon ယာဉ်တိုက်မှု ၃၁၁ စီး၊ express/ ကုန်တင်ယာဉ်တိုက်မှု ၁၃၄ စီးနဲ့ လမ်းဖြတ်ကူးမှု ၁၅ မှုတို့ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ယာဉ်မတော်တဆမှုတွေကြောင့် အမျိုးသား ၆၇ ဦးနဲ့အမျိုးသမီး ၃၉ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅၅၀ ဦး၊အမျိုးသမီး ၄၆၄ ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်ကနေ့ ၃၀ ရက်အထိမှာတော့  ယာဉ်မတော်တဆမှု ၃၂ မှု ဖြစ်ပွားခဲ့ပြီး ၇ ဦးသေဆုံးကာ ၅၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024