Home
Lead Story
၂၀၁၉ ခုနှစ် တနှစ်တာ ရုံတင်ပြသခဲ့သည့် မြန်မာရုပ်ရှင်ကား ၉၇ ကားထိ စံချိန်တင်
DVB
·
January 3, 2020
       ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တနှစ်တာကာလအတွင်းမှာတော့ ရုပ်ရှင်ကား ၉၇ ကားထိ စံချိန်တင် ပြသနိုင်ခဲ့ပါတယ်။        ၂၀၁၇ ခုနှစ်မှာ ရုံတင်ရုပ်ရှင်ဇာတ်ကား ၅၃ ကား၊ ၂၀၁၈ ခုနှစ်မှာ ၈၃ ကားရှိခဲ့တာမို့ ခု နောက်ဆုံးရုံတင်ပြသခဲ့တဲ့ ၂၀၁၉ ခုနှစ် တနှစ်တာ ရုံတင်ရုပ်ရှင်ဇာတ်ကားအရေအတွက်ကတော့ စံချိန်တင်ရုပ်ရှင်ကား အရေအတွက် ဖြစ်လာခဲ့တာပါ။        ပြီးခဲ့တဲ့ တနှစ်တာလုံးမှာ ရုပ်ရှင်ရုံနဲ့ ရုပ်ရှင်ကားထုတ်လုပ်သူတွေရဲ့ စိတ်ကြိုက် ရွေးချယ်ပြသတဲ့ စနစ်အရ တပတ်ကို ၂ ကားနှုန်းနဲ့ ပျမ်းမျှလစဉ်ရုပ်ရှင်ကား ၈ ကားအထိ ပြသနေခဲ့တာ ဖြစ်ပါတယ်။        ဒါကြောင့်မို့ တချို့ရုပ်ရှင်ကားတွေဟာ ရိုက်ကူးပြီးစီးခဲ့တာ ကြာနေပြီဖြစ်ပေမယ့် ရုံ မတင်နိုင်ခဲ့သေးတာတွေ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတာတွေလည်း ရှိနေခဲ့ပါတယ်။        သိပ်မကြာခင်မှာလည်း ဒီရုပ်ရှင်ကား ၉၇ ကားထဲက ရွေးချယ်ချီးမြှင့်မယ့်  မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို ကျင်းပသွားမှာမို့ ဘယ်ကားတွေက အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိသွားမလဲ ဆိုတာ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။        ၂၀၁၈ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ၉၇ ကားစာရင်းကတော့ ၁။ သမီးကလေးရဲ့ ရွာ ၂။ ယမမင်းနှင့် လပ်ကီးမန်း ၃။ ဟောက်စား ၄။ လူပျိုသိုးည ၅။ သရဲသင်္ဘော ၆။ ထာဝရထက်နှစ်ဆ ၇။ လေးပါးကျော့ရှိန် ဝရဇိန် ၈။ အဓိပတိလမ်းက နဂ္ဂတစ်များ ၉။ တရုတ်မလေးကို ချစ်တယ် ၁၀။ ကြာတော့သည်လည်း မောင့်စကား ၁၁။ ဂျင်းကောင် ၁၂။ လိပ်ပြာစံအိမ် ၁၃။ ဝမ်းဝမ်းလေး ၁၄။ ချစ်ခြင်းကို မခွဲပါနဲ့ ၁၅။ ဟီးရိုး ၁၆။ ဝက်ဝက်ကွဲအောင်ပွင့် ၁၇။ လူလည်ကြီးများရွာ ၁၈။ မြို့ပြမုဆိုး ၁၉။ လှတောသားနှင့် ယောက္ခမလောင်း ၂၀။ ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူး ၂၁။ တာတူး ၂၂။ ကျွန်မအချစ်ဆုံး ယောကျ်ားသုံးယောက် ၂၃။ ဒယ်ဒီဖားကင် ၂၄။ လှပ်၍ လွင့်သော ၂၅။ နို့ဘီလူး ၂၆။ မင်္ဂလာဦးည ၂၇။ နှစ်မင်္ဂလာ ၂၈။ ဘယ်ညာဘယ်ညာ ၂၉။ သစ္စာနန်းတော် ၃၀။ ပြုံးရွှင်ရေ ပျော်ရဲ့လား ၃၁။ မဟူရာရုပ်ရှင်ရုံ ၃၂။ ဘာညာဘာညာ ၃၃။ မှားတဲ့ဘက်က နေကြည့်ပါ ၃၄။ ပြဿနာ ၃၅။ လေဆန်ကကြိုး ၃၆။ ကျောမှာဂဠုန် ရင်မှာနဂါး ၃၇။ ဟစ်တိုင် ၃၈။ ယောက်ဖစစ်ဆင်ရေး ၃၉။ စရိုက် ၄၀။ ဧည့်သည် ၄၁။ လေဒီဘွိုင်း ၄၂။ အယူတော် မင်္ဂလာ ၄၃။ ကောင်းကင်တစ်ခု အလိုရှိသည် ၄၄။ သတိ အန္တရာယ်ရှိသည် ၄၅။ နှစ်ပတ်အလို ၄၆။ စိန်ဂေါ်လီမယောကျ်ား ၄၇။ လောဘနွံ ၄၈။ အနန္တ ၄၉။ ချာလီဘ ၅၀။ ဒဏ္ဍာရီမိုး ၅၁။ နှစ်ပါးသွားအပ်ဒိတ် ၅၂။ ကြိမ်နှုန်း ၅၃။ အောင်သွယ်တော် စိန်အားသစ် ၅၄။ လက်ထပ်ပါရစေ ၅၅။ တစ္ဆေများနှင့် ပျော်မြူးခြင်း ၅၆။ သူစိမ်းအိမ် ၅၇။ နိုင်ငံကြီးသား ၅၈။ ပုရိသ ၅၉။ အလီဘာဘာနှင့် ခိုးသားငါးယောက် ၆၀။ လွမ်းဒဏ္ဍာရီ ၆၁။ ဂျင်ပါတီ ၆၂။ အထက်တန်းစား ၆၃။ အချစ်ဆုံး Crush ၆၄။ ကျားကျားကြိုက်ကြိုက် ၆၅။ ခရေ ၆၆။ ရူးအောင်ချစ်မယ့်လူ ၆၇။ တန်ဖိုး ၆၈။ ဘာလာလာ ၆၉။ ညစ်တွန်း ၇၀။ ရှေ့သွားနောက်လိုက် ၇၁။ ကွီးတို့၏ မာယာ ၇၂။ စပွန်ဆာ ၇၃။ အမျှ အမျှ ၇၄။ ပပဝတီစီရင်ခန်း ၇၅။ ကမ္ဘာနှစ်ထပ် ၇၆။ ချိုးရုပ် ၇၇။ အခမ်းနားဆုံးမေတ္တာ ၇၈။ သုံးယောက်ပေါင်းလောင်းကျော် ၇၉။ ထာဝရနှောင်ကြိုး ၈၀။ သခင်ကြီးနှင့် ငပိတို့စရာ ၈၁။ ရိုးမပေါ်ကျတဲ့ မျက်ရည် ၈၂။ Box No. 88 ၈၃။ ကျော်ကြားနှင့် အမွှေစိန်ဝိညာဉ် ၈၄။ ရပ်ကျော်ရွာကျော် ၈၅။ ဗိုလ်နေတိုး ၈၆။ ကြိုးဖုန်း ၈၇။ ဆန္ဒဖော်ထုတ်မယ် ၈၈။ ကိုကိုငလက်မ ၈၉။ တောက်ချလိုက်မယ် ၉၀။ သန်းခေါင်ယံ ၉၁။ ရည်းစားတစ်ခုလပ်များ ၉၂။ ရှင်ဥပဂုတ္ထ ၉၃။ ယူရီ-Yuri ၉၄။ 1014 ၉၅။ တိမ်တွေပေါ်ကပန်း ၉၆။ ချည် ၉၇။ ကြောက် ကြောက် ကြောက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024