လွတ်လပ်ရေးနေ့တွင် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၃ မျိုး ရောင်းပေးမည်
DVB
·
January 3, 2020
၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၃ မျိုး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းက ၂၀၀/- ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၃ မျိုးအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက် မနက် ၉ နာရီခွဲကစတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေက မြို့တော်စာတိုက်ကြီးတွေမှာ ရောင်းချပေးသွားမယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။
အထူးအစီအစဉ်တရပ်အနေနဲ့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီးတို့မှာ ဇန်နဝါရီ ၄ ရက်မှာ ဝယ်ယတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့စာအိတ် (Firstday Cover) တွေပေါ် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမယ်လို့ သိရပါတယ်။