Home
မြန်မာသတင်း
ကျောက်မျက် ကျောက်စိမ်းပွဲပြုလုပ်၊ ကျပ်သန်း ၄ သောင်းခန့် ရောင်းချနိုင်မည်ဟု မျှော်မှန်း
နေဖြိုးဝင်း
·
January 3, 2020
82126993_3140822742599390_8712834243656417280_o
81989267_3140822922599372_6496138808294113280_o
81656579_3140822572599407_9134651378457640960_o
81577253_3140823092599355_7513418743112794112_o
81447040_3140823215932676_5557575380514111488_o
81440239_3140822445932753_9041363039521079296_o
81350784_3140822402599424_7281301985834303488_o
81111638_3140822379266093_7834253246800592896_o
81082971_3140822542599410_649589803242749952_o
81040628_3140822785932719_5739890866714050560_o
81029324_3140823079266023_1684400557613121536_o
မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ ကျောက်မျက်၊ ကျောက်စိမ်းပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ကနေ ၇ ရက်နေ့ထိ ပြုလုပ်နေပြီး  ကျပ်သန်း ၄ သောင်းဖိုးလောက်အထိ ရောင်းချနိုင်မယ် မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ဒီပွဲမှာ ကျောက်မျက်အတွဲပေါင်း ၂၈၆ တွဲ၊ ကျောက်စိမ်းအတွဲပေါင်း ၃၆၉၅ တွဲတို့ကို အိတ်ဖွင့်တင့်ဒါစနစ်နဲ့ ရောင်းချနေတယ်လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောပါတယ်။ “ဒီနှစ်ကျောက်တွဲတွေရဲ့ အခြေအနေကြည့်ရတာကတော့ အရပ်အခေါ် ခါးပိုင်းကျောက်တွေပေါ့၊ အများလုပ်ငန်းသုံးပေါ့၊ အချောထည်ထုတ်လုပ်မဲ့သူတွေ၊ ကျောက်နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေအတွက် အဆင်ပြေမဲ့အနေအထားရှိပါတယ်။ ဒါကြောင့် ကျနော်တို့ မှန်းတာကတော့ ကျပ်သန်း ၄ သောင်းဝန်းကျင်တော့ ဖြစ်နိုင်မယ်။ သို့သော်လည်း ကျောက်ရဲ့အခြေအနေတွေက အတိအကျကြီးတော့ပြောဖို့ခက်တာပေါ့။” ကျောက်မျက်ပြပွဲတွေကို တနှစ်မှာ ယူရိုပွဲ ၂ ကြိမ်၊ ကျပ်ငွေပွဲ ၂ ကြိမ် ကျင်းပဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။  ၂၀၁၉ ခုနှစ်ကပြုလုပ်ခဲ့တဲ့ မြန်မာကျပ်ငွေပွဲမှာ အတွဲပေါင်း ၃၁၀၀ ကျော်ခင်းကျင်းပြသခဲ့ပြီး ကျပ်သန်း ၅ သောင်းကျော် ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024