နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုတွင် မိုးရွာမည်
DVB
·
January 2, 2020
နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုမှာ အခုတပတ်အတွင်း မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မွန်းလွှဲပိုင်း ၂ နာရီ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နဲ့ ချင်းပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း) မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လာမယ့် ၂ ရက်အတွင်းမှာလည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကချင်၊ ရှမ်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးဆက်လက်ထစ်ချုန်းရွာမယ်လို့ ဖော်ပြပါတယ်။