ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းနဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၆ နာရီလောက်က ဆီဆိုင်မြို့နယ်၊ ပင်ညိုကျေးရွာအနီး မောက်မယ် -ဆိုက်ခေါင်ကားလမ်းမှာ စိုးဝင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ကျောပိုးအိတ်အတွင်းမှ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြားနဲ့ အိုက်စ်မူးယစ်ဆေး ၅ ကီလိုတို့အား သိမ်းဆည်းရမိခဲ့တာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
အလားတူ ပူးပေါင်းအဖွဲ့ဟာ အဆိုပါနေရာမှာ အယ်(လ်)ရှာမွေလ မောင်းနှင်လာတဲ့ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ကျောပိုးအိတ်အတွင်းမှ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြားတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စိုးဝင်းနဲ့ အယ်(လ်)ရှာမွေလ (ဖမ်းမိ) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။