ပြည်သူ့စစ်အဖွဲ့ထောက်ခံဆန္ဒပြသူများ အမေရိကန်သံရုံးမှ ဆုတ်ခွာ

Reuters
1K
အမေရိကန်အစိုးရက အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးထဲကို တပ်ဖွဲ့ဝင်တွေစေလွှတ်ပြီးနောက် ဇန်နဝါရီ ၁ ရက်မှာ ပြည်သူ့စစ်အဖွဲ့ထောက်ခံသူတွေဟာ သံရုံးကနေ ဆုတ်ခွာသွားခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့အပေါ် အမေရိကန်လေကြောင်း တိုက်ခိုက်တာကို ဒေါသထွက်ပြီး ဆန္ဒပြသူတွေက သံရုံးကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။
အဲဒီအချိန် သံရုံးခေါင်မိုးပေါ်မှာ အမေရိကန်တပ်ဖွဲ့တွေက နေရာယူထားပြိး ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲခဲ့ပါတယ်။
မွန်းလွဲပိုင်းလောက်မှာတော့ ဆန္ဒပြသူအများစုဟာ (PMF) ပြည်သူ့စစ်အဖွဲ့ရဲ့ ဆုတ်ခွာရေး တောင်းဆိုချက်ကို လိုက်နာခဲ့ပုံရပါတယ်။
ဆန္ဒပြသူတွေရဲ့ သတင်းစကားကို အမေရိကန်အစိုးရ ကြားသိပြီးပြီလို့ ပြည်သူ့စစ်အဖွဲ့က ပြောခဲ့ပါတယ်။
လူငယ်တချို့က အုန်းလက်တွေသုံးပြီး သံရုံးရှေ့လမ်းတွေ ရှင်းလင်းခဲ့သလို တချို့ကလည်း ပစ္စည်းတွေထုတ်ပိုးပြီး ကားတွေနဲ့လူတွေကို ခေါ်သွားခဲ့ပေမယ့် ကျန်တချို့ကတော့နေခဲ့ပြီး အနီးဝန်းကျင် ဟိုတယ်တခုရှေ့မှာ သပိတ်စခန်းလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်နဲ့ အီရန်အစိုးရတို့ရဲ့ လျှို့ဝှက်စစ်ပွဲ အလှည့်ပြောင်းတခု ဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။