၂၀၂၀ ခုနှစ်အတွင်း ရော်နယ်ဒို စိုက်ထူနိုင်တဲ့ မှတ်တိုင်အသစ်များ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဘောလုံးလောကရဲ့ စံချိန်ဟောင်းတွေကို  ရိုက်ချိုးခဲ့ပြီးတော့ စံချိန်သစ်တွေလည်း တခုပြီးတခု ထပ်တင်နိုင်ခဲ့ပါတယ်။  အသက် ၃၄ နှစ်ရှိနေပြီဖြစ်ပေမယ့် မပျက်စီးသေးကြောင်း ထပ်ခါထပ်ခါသက်သေပြနေတဲ့ ရော်နယ်ဒိုဟာ ၂၀၂၀ နှစ်သစ်မှာလည်း စံချိန်သစ်တွေတင်ဖို့ အခွင့်အရေးတွေရှိနေပါတယ်။  ပေါ်တူဂီစတားဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ အသင်းသမိုင်းတစ်လျှောက် တတိယမြောက်ချန်ပီယံလိဂ်ဖလားကို ရယူသွားဖို့ပစ်မှတ်ထားနေပြီး အခုရာသီမှာလည်း ဂျူဗီအသင်းဟာ စီးရီးအေချန်ပီယံဘွဲ့ကို ကိုးကြိမ်ဆက်တိုက်သိမ်းပိုက်နိုင်မယ့် အခွင့်အရေးရှိနေပါတယ်။  ဒါ့အပြင် နိုင်ငံအသင်းမှာလည်း စံချိန်သစ်တွေက သူ့အတွက်စောင့်ကြိုလို့နေပါတယ်။ ဒါ့ကြောင့် လာမယ့် ၁၂ လတာကာလအတွင်းမှာ  ရော်နယ်ဒိုကို စောင့်ကြိုနေမယ့် စံချိန်သစ်တွေက ဘာတွေလဲဆိုတော့  ချန်ပီယံလိဂ်ဖလား အများဆုံးဆွတ်ခူးနိုင်သူ ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းနဲ့အတူ ၂၀၁၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး  ကစားသမားဘဝရဲ့ ငါးခုမြောက်ချန်ပီယံလိဂ် ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။ တကယ်လို့ ဒီရာသီမှာသာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ထပ်ရခဲ့မယ်ဆိုရင် သူဟာ ချန်ပီယံလိဂ်ဆုဖလား အများဆုံးဆွတ်ခူးနိုင်သူအဖြစ်  လက်ရှိစံချန်ရှင် ဖရန်စစ္စကို ဂန်တိုနဲ့ ပူးတွဲရပ်တည်နိုင်တော့မှာဖြစ်ပါတယ်။ ဂန်တိုဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၆၆ ခုနှစ်အတွင်း ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။  သမိုင်းလျှောက် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဂိုးသွင်းအများဆုံးသူ  ရော်နယ်ဒိုဟေ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲလေးခုမှာ ပေါ်တူဂီအသင်းအတွက် ကိုးဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့် သူဟာ ပြိုင်ပွဲသက်တမ်းတလျှောက် ဂိုးသွင်းအများဆုံး စာရင်းမှာ မစ်ချယ်ပလာတီ နီနဲ့အတူ ပူးတွဲရပ်တည်နိုင်နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့အနေနဲ့ ၂၀၂၀ ပြိုင်ပွဲမှာသာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် သမိုင်းတလျှောက် ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ မှတ်တမ်းကိုရရှိမှာပဲဖြစ်ပါတယ်။  ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဟက်ထရစ်အများဆုံး ကစားသမား ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဟက်ထရစ် ရှစ်ကြိမ်စီ သွင်းယူနိုင်ခဲ့သူ တွေအဖြစ် ဟက်ထရစ်အများဆုံး ကစားသမားစာရင်းမှာ ပူးတွဲရပ်တည်နေပါတယ်။ ဒါ့ကြောင့် ဒီရာသီမှာသာ ဟက်ထရစ်ထပ်သွင်းနိုင်မယ်ဆိုရင် ရော်နယ်ဒိုဟာ ဥရောပ ထိပ်တန်းပြိုင်ပွဲရဲ့ ဟက်ထရစ်အများဆုံး ကစားသမားအဖြစ်  မှတ်တမ်းသစ်တခုကို စိုက်ထူခွင့်ရရှိမှာဖြစ်ပါတယ်။  ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေ လိဂ်သုံးလိဂ်မှာ ဂိုးသွင်းဘုရင်ဖြစ်တဲ့ ပထမဆုံး ကစားသမား ရော်နယ်ဒိုဟာ အခုရာသီစီးရီးအေပြိုင်ပွဲမှာ သွင်းဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းနဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒီစာရင်းမှာ အင်မိုဘိုင်းက ၁၇ ဂိုးနဲ့ ဦးဆောင်ထားပြီး ၂၀၂၀ နှစ်မှာ ရော်နယ်ဒိုသာ သူ့ကိုကျော်ဖြတ်နိုင်တယ်ဆိုရင် သူဟာ အင်္ဂလန်၊ စပိန်နဲ့ အီတလီတို့က ထိပ်တန်းလိဂ်သုံးခုစလုံးမှာ ဂိုးသွင်းဘုရင်ဆုရရှိတဲ့ ပထမဆုံး ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။  သမိုင်းတလျှောက် နိုင်ငံ့အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမား  ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် စုစုပေါင် ၉၉ ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။ လက်ရှိ လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ အီရန်ကစားသမား အလီဒိုင်က သွင်းဂိုး ၁၀၉ ဂိုးနဲ့ ဦးဆောင်နေပြီးတော့ ဒီနှစ်အတွင်း နိုင်ငံအသင်းအတွက် ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့မယ်ဆိုရင် ဒီစာရင်းကို ဦးဆောင်သူဟာ ရော်နယ်ဒိုဖြစ်လာမှာပဲဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up