Home
မြန်မာသတင်း
ညောင်ပင်သာမြို့ စက်မှုလယ်ယာစိုက်ကွင်းအတွင်း ကျူးကျော်သူ ၁၀၀ ကို အမှုဖွင့်
DVB
·
January 2, 2020
81044623_2511149625674756_9029222103278157824_o
80866838_2511149002341485_416961914791264256_o
80753422_2511150815674637_7078022755672653824_o
79109352_2511150462341339_7626770038225108992_o
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့အနီးရှိ စက်မှုလယ်ယာစိုက်ကွင်းအတွင်း ကျူးကျော်သူ ၁၀၀ ကျော်ကို စက်မှုလယ်ယာဦးစီးဌာနက ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စက်မှုလယ်ယာဌာနက လာရောက် တိုင်စာပို့ အမှုဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ စခန်းအနေနဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ "အခုလက်ရှိ အမှုဖွင့်ထားတာကတော့ ၁၀၇ ဦးပါ။ စက်မှုလယ်ယာက ဖွင့်တာပါ။ လုပ်ပိုင်ခွင့်ရရှိထားတဲ့ မြေလွတ်မြေရိုင်းအပေါ်မှာ ကျူးကျော်တယ်ဆိုတဲ့ ပုဒ်မနဲ့ ဖွင့်ထားတယ်။ သက်သေတွေကိုစစ်နေပြီး အမှုဖွင့်ခံရသူတွေကိုတော့ စစ်ဆေးတာ မလုပ်ရသေးဘူး။ အမြန်ဆုံး တရားစွဲတင်နိုင်အောင် ဆောင်ရွက်နေပါတယ်" လို့ ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ပြောပါတယ်။ စက်မှုလယ်ယာပိုင်မြေမှာ ကျူးကျော်သူအချို့ကို စက်မှုလယ်ယာဌာနမှ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၇)နဲ့ အမှု ဖွင့်လှစ်ထားပြီး ရန်ကုန်-မန္တလေး ကားလမ်း နယ်နမိတ်အတွင်း ကျူးကျော်တွေကိုတော့ လမ်းဦးစီးဌာနမှ လမ်းမကြီးများဥပဒေနဲ့ တရားစွဲဆိုတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ညောင်ပင်သာမြို့အနီးရှိ နေရာတော်တော်များများမှာ ကျူးကျော်တာတွေကို ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြုလုပ်လာတာဖြစ်ပြီး အခုလက်ရှိ ကျူးကျော်ဦးရေ ၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024