Home
မြန်မာသတင်း
နှစ်ဆန်း ၁ ရက်နေ့တွင် ဂျပန်ကမာကူယဗုဒ္ဓရုပ်ပွားတော်ကို မြန်မာအများအပြား လာရောက်ဖူးမြော်
ဇော်ဇော်လှိုင်
·
January 2, 2020
81138095_10221706038258203_5822665379113074688_o
80969454_10221706027137925_3592139891359612928_o
81625885_10221706027257928_1903817027877863424_o
81427440_10221706029217977_2195980975597420544_o
81240152_10221706028817967_7992159514734362624_o
81214018_10221706029657988_4484083287387537408_o
၂၀၂၀ ပြည့်နှစ်မှာ ကောင်းခြင်းမင်္ဂလာတွေ ရှိစေဖို့ ဂျပန်နိုင်ငံတဝှမ်းမှာ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအများစုကတော့ ယိုကိုဟာမားမြို့အနီးက ကမာကူယ ဗုဒ္ဓရုပ်ပွားတော်ကို နိုင်ငံတဝန်းကနေ လာရောက်ပူဇော်ဆုတောင်းကြလေ့ရှိပါတယ်။ ကမာကူယ ဗုဒ္ဓရုပ်ပွားတော်ကို လာရောက်ဖူးမျှော်ရင် လိုအင်ဆနတွေ ဆုတောင်းပြည့်သလို မြန်မာနိုင်ငံ ပြန်ရောက်သလိုခံစားရကာ အလုပ်ပြန်ဝင်ဖို့ ခွန်အားတွေရလို့ လာရောက် ဆုတောင်း ဝတ်ပြုတာလို့ အအိုမိုရီခရိုင်က လာရောက်ဖူးမျှော်သူကို ညီညီအောင်က ဒီဗွီဘီကို ပြောပါတယ်။ ဂျပန်လူမျိုးတွေဟာ နှစ်ကူးညကာလမှစကာ ဘုရားကျောင်းနဲ့နတ်ကွန်းတွေမှာ အချိန် အတော်ကြာ တန်းစီစောင့်ဆိုင်းနေခဲ့ကြပြီး သူတို့တွေက အကာအရံတွေနဲ့ ဘောင်ခတ်ထားတဲ့ အလှူခံပုံးတွေမှာ အလှူငွေတွေ ထည့်ဝင်ဝတ်ပြုကြပါတယ်။ ဒါ့အပြင် မြားပုံ အဆောင်တွေ၊ ကံကောင်းစေတဲ့ အဆောင်တွေကို ဝယ်ယူတာ၊ တနှစ်တာ ဗေဒင်စာရွက်တွေ ဝယ်ယေလုပ်ဆောင်ကြလေ့ရှိပါတယ်။ နတ်သမီးမြှားအဆောင်ဟာ နတ်ဆိုးတွေ ကို ကာကွယ်နိုင်တဲ့အဆောင်ဖြစ်လို့ ဂျပန်လူမျိုးအများစုက နှစ်သစ်ဆုတောင်း ဝယ်ယူလေ့ ရှိကြပါတယ်။ ဇန်နဝါရီ ပထမသုံးရက်အတွင်း တိုကျိုမြို့ မဲဂျိဂျင်းဂု နတ်ကွန်းတခုတည်းကို လာရောက်ဝတ်ပြုသူ ၃ သန်းကျော် ရှိမယ်လို့ ခန့်မှန်းသိရှိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024