Home
မြန်မာသတင်း
စိုက်ပျိုးရေးပညာသင်ချင်သည့်လူငယ်များအတွက် ဟုမ္မလင်း၌ စိုက်ပျိုးရေးသိပ္ပံကျောင်းခွဲ ဖွင့်လှစ်
Aung Ko Latt
·
December 31, 2019
80650567_1208463556025304_8800481357798047744_n
81210274_1208463459358647_4567188254570315776_n
80970853_1208463449358648_5892086692159946752_n
81200806_1208463462691980_2448684967119552512_n
81108665_1208463516025308_6047695298619244544_n
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာမှာ စိုက်ပျိုးရေးသိပ္ပံကျောင်းခွဲ တခုကို ဒီဇင်ဘာ ၃၀ ရက်က  ဖွင့်လှစ်ပါတယ်။  ဒီကျောင်းက ချင်းတွင်းမြစ်အထက်ပိုင်းက ဒေသတွေနဲ့ နာဂဒေသက စိုက်ပျိုးရေးပညာကို လေ့လာဆည်းပူးချင်တဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာလည်း ဖြစ်ပါတယ်။  ဒီကျောင်းမှာ စိုက်ပျိုးရေးပညာရပ်၊ မွေးမြူရေးပညာရပ်တွေကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပြီး အခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစတင်ကာ ကျောင်းသားတွေ လက်ခံသင်ကြား ပေးနေပြီ ဖြစ်ပါတယ်။  ကျောင်းဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ရဲတင့်ထွန်းနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒေသခံပြည်သူတွေ၊ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် စိုက်သိပ္ပံကျောင်းနဲ့ နာဂဒေသ အတွက် မျိုးစေ့တွေကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံ့ပေးအပ်ခဲ့ပါသေးတယ်။  နမသလေးစပါး၊ ဘူကျောက်တောင်ယာစပါး၊ ဆင်းဧကရီ-၃ စတဲ့မျိုးစပါး ၁၁၃ တင်း၊ မြေပဲမျိုးစေ့ ၂၅ တင်း၊ ပဲမျိုးစုံ ၇၅ တင်း၊ စားဖိုချောင်သီးနှံ ၁၁၉၉ ထုပ်နှင့် အစေ့ထုတ်ပြောင်း ၁၅၀ ကီလို၊ ဖူးစားပြောင်း ၁၀ တင်းတို့ကိုလည်း သက်ဆိုင်သူတွေကို ထောက်ပံ့ပေးအပ်ခဲ့ပါသေးတယ်။  ဒီသင်တန်းကျောင်းက ဒေသခံတွေရဲ့ ကောင်းမွန်တဲ့ စိုက်ပျိုးရေးစနစ်ထွန်းကားလာစေဖို့၊ လူငယ်တွေ ပညာဆက်လက်သင်ကြားခွင့်ရဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024