ပြေတီဦး၊ မိုးဟေကို၊ အေးမြတ်သူတို့ပါဝင်သည့် ကမ္မဖလရုပ်ရှင် ရုံတင်မည်(နမူနာ)
DVB
·
December 31, 2019

ဝါရင့်စာရေးဆရာကြီး တင့်တယ်ရဲ့ ဂန္ထဝင်ဝတ္ထုတပုဒ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူး ပုံဖော်ထားတဲ့ ကမ္မဖလ ရုပ်ရှင်ကို ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။
ဒီကားကိုတော့ ပွဲခင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဝါရင့်ဇာတ်ညွှန်းဆရာ ငြိမ်း မင်းက ဇာတ်ညွန်းခွဲထားပေးခဲ့ကာ ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။
ဒီဝတ္ထုဟာ လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်ကတည်းက ထွက်ရှိခဲ့ပြီး အကြိမ်ရေ အ တော်များများ ပြန်လည်ထုတ်ဝေရတဲ့ စာအုပ်တအုပ်လည်းဖြစ်ကာ ရုပ်ရှင်အနေနဲ့ ပြန် ရိုက်ကူးဖို့လည်း အားထုတ်ခဲ့ကြဖူးပါတယ်။
ဘဝအလှည့်အပြောင်းပေါင်းများစွာနဲ့ ရှင်သန်ကြီးပြင်းလာရတဲ့ မောင်ကံကောင်း၊ ဥပဒေကို လက်တစ်လုံးခြား လှည့်ပတ်တိမ်းရှောင်ရင်း လူ ၇ ယောက်ကို ပိပိရိရိနဲ့ သတ် ဖြတ်ခဲ့တဲ့ လူတယောက်စတဲ့ အကြောင်းအရာတွေနဲ့အတူ ပရိသတ်တွေ လက်ခံ နှစ်ခြိုက် ခဲ့ကြတဲ့ ဝတ္ထုတပုဒ်လည်း ဖြစ်ပါတယ်။
အားလုံးသိကြပြီးဖြစ်တဲ့ ဦးကံကောင်း၊ သစ်လုပ်ငန်း ပိုင်ရှင်သူဌေးကြီး ဦးနကီ၊ အ လောင်းကစားဝါသနာကြီးလှတဲ့ ဆန်စက်ပိုင်ရှင် ဦးစိန်မောင်၊ သူဌေးကြီးဦးနကီရဲ့သား ဦးဒေါန၊ သမီးတော်လေး စောလှ၊ ဇာတ်သမား စိန်ကြည်အောင်စတဲ့ ဇာတ်ကောင်တွေ၊ ခေတ်နဲ့ လိုက်ဖက်တဲ့ ဆက်တင်အပြင်အဆင်တွေကို ဘယ်လို ဖန်တီးပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ပြေတီဦး၊ မင်း မော်ကွန်း၊ မိုးဟေကို၊ အေးမြတ်သူ၊ စိုးပြည့်သဇင်တို့နဲ့အတူ တခြားသရုပ်ဆောင်တွေ လည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းခွဲကျော် ရှိနေခဲ့ပြီ ဖြစ်ပါ တယ်။