Home
မြန်မာသတင်း
ယာဉ်မောင်းအိပ်ငိုက်ပြီး ကားမှောက်ရာက တရားမဝင် ဘင်္ဂါလီ ၄ ဦး ဖမ်းဆီးရမိ
DVB
·
December 31, 2019
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်၁၄၆/၆ နဲ့ ၁၄၆/၇ အကြားမှာ ဒီနေ့မနက် ၆ နာရီခွဲက အိမ်စီးစလွန်းကားတစ်စီးဟာ ယာဉ်မောင်းအိပ်ငိုက်ပြီး တိမ်းမှောက်ရာက တရားမဝင်ခိုးသွင်းလာတဲ့ ဘင်္ဂါလီ ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေရဲစခန်းက ပြောပါတယ်။ ဇီးပင်သာ အမြန်လမ်းရဲစခန်းက စခန်းမှူး ရဲအုပ် မင်းမနိုင်က  "မနက်က ၆ နာရီခွဲလောက်က ဖြစ်တာ၊ ကားမှောက်တော့ ဘင်္ဂါဘီနှစ်ယောက် ဒဏ်ရာရ တယ်။ နေပြည်တော်ကို (refer)လုပ်ထားတယ်။ နောက်အမျိုးသမီးတယောက် ဒဏ်ရာရတယ်။ ကားပေါ်မှာက ယောက်ျားလေး  ၅ ယောက်နဲ့ မိန်းလေး တယောက်ပါတယ်။ အားလုံးပေါင်း ၆ ယောက်ပေါ့ဗျာ။ ၃ ယောက်ဒဏ်ရာရတယ်။ တယောက်ပွဲချင်းပြီး သေတယ်။ ၂ ယောက်က ဘာမှ မဖြစ်ဘူး။ သေတာက ယာဉ်မောင်းရဲမင်း"လို့ ပြောပါတယ်။ ယာဉ်မောင်း ရဲမင်းမောင်းနှင်လာပြီး ရန်ကုန်နေ မခိုင်သဇင် (၂၂)နှစ်၊ မြောက်ဦးမြို့နယ်မှာ ယိုင်သည်ရွာမှာနေတဲ့ မာဘူး၊ ဆော်ယောက်၊ မတူဖိုလ်၊ စီဒီကူရ်ရာဟာမန်း  တို့လိုက်ပါလာတဲ့ Toyota Corona (ခဲရောင်)ယာဉ်ဟာ ဒီကနေ့က နေပြည်တော်- ရန်ကုန် လမ်းပိုင်းမိုင်တိုင် ၁၄၆/၆ နဲ့ ၁၄၆/၇ အကြားမှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်ရှိထန်းပင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ရဲမင်းမှာ အခင်းဖြစ်နေရာမှာ ဆုံးသွားခဲ့ပြီး မခိုင်သဇင်ကတော့ ဝဲဘက်ခြေသလုံးရိုးကျိုးကာ ယာလက်ခုံနဲ့ ဦးခေါင်းပိုင်း ဒဏ်ရာရသွားကာ မာဘူးက နဖူးပေါက်ပြဲဒဏ်ရာ၊ ယာနားပေါက်ပြဲဒဏ်ရာနဲ့ ဆော်ယောက်မှာ မျက်နှာပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သတင်း - သားကြီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024