Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်၌ ဟိုက်ဂျက်ကားက လူနေအိမ်ကို ဝင်တိုက်မိပြီး အဖွားအို ၁ ဦးသေဆုံး
DVB
·
December 31, 2019
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့၊ ကံဦးရပ်ကွက်မှာ ဒီဇင်ဘာ ၃၀ ရက်ကနေ့က အရှိန်မထိန်းနိုင်တဲ့ ဟိုက်ဂျက်ကားတစီးဟာ လူနေအိမ်ကို ဝင်ရောက်တိုက်မိပြီး အသက် ၈၃ နှစ်ရှိ အဖွားအို တဦး သေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းတာဝန်ကျရဲအရာရှိ က "မနေ့က ဖြစ်သွားတာပါ။ အရှိန်မထိန်းနိုင်ဖြစ်ပြီး အိမ်ရှေ့ကတမာပင်တိုက်တယ်။ အဲနောက် ကားက လူနေအိမ်ခြံတံခါးတိုက်ပြီး အိမ်ရှေ့ရပ်နေတဲ့ အဖွားကိုတိုက်မိတယ်။ ဝမ်းတွင်းဆေးရုံကနေ မန္တလေးဆေးရုံ ပြောင်းပြီး ဆေးကုရင်း သေဆုံး သွားတယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ခင်ကြီးရွာနေ ဦးမြင့်အောင်(၆၀နှစ်)က “ဟိုက်ဂျက်ကားမောင်းပြီး ဘေးမှာ ဦးထွန်းမြင့် လိုက်လာပါတယ်။ ကံဦးရပ်ကွက်ထဲက လမ်းသွယ်အတွင်း မြောက်ဘက်ကနေ တောင်ဘက်ကို မောင်းဝင်ခဲ့တာပါ။ အရှိန်မထိန်းနိုင်ဖြစ်ပြီး တမာပင်တိုက်မိပါတယ်။ အဲနောက် လူနေအိမ်ခြံဝင်းတံခါးကို တိုက်မိပြီး အိမ်ရှေ့မှာရပ်နေတဲ့ ဒေါ်အုန်းကြည် (၈၃နှစ်)ကို တိုက်မိပါ တယ်။ ကားတိုက်မိတဲ့ ဒဏ်ရာများကို မန္တလေးဆေးရုံမှာ ဆေးကုသရင်း သေဆုံးသွားခဲ့ပါတယ်။”လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ ဟိုက်ဂျက်ကား ယာဉ်မောင်း ဦးမြင့်အောင်ကို အသက်အန္တရာယ် ဖြစ်အောင် ကားမောင်းမှု ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ နဲ့ အမှုဖွင့်ထားရာ က ယာဉ်မဆင်မခြင်မောင်းပြီး လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ ယာဉ်(ပ)၃၂/၂၀၁၉ နဲ့ ပြောင်းလဲ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024