ရေးမြို့နယ် အစင်ကျေးရွာ ဆီသိုလှောင်ကန် မီးလောင်
DVB
·
December 28, 2019
မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာရှိ မြတ်သူရ ကုမ္ပဏီပိုင် ဓာတ်အားပေးစက်ရုံ ဆီသိုလှောင်ကန်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၁၁ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်တွေနဲ့အတူ မီးကို ငြှိမ်းသတ်နေဆဲဖြစ်ပြီး အနီးအနားဝန်းကျင်ရှိ နေအိမ်တွေလည်း မီးစိုးရိမ်ရတာကြောင့် စတင်ဖယ်ရှားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဓာတ်အားပေးစက်ရုံ ဆီလှောင်ကန်မှာ ရေးမြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၉ ရွာကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။ လက်ရှိမှာ လျှပ်စစ်မီး ယာယီဖြတ်တောက်ထားရတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပါဘူး။
နေမျိုးထွဋ်