Home
မြန်မာသတင်း
ဒီဇင်ဘာ ရုံးပိတ်ရက် ကလော View Point တွင် လည်ပတ်သူများပြား
DVB
·
December 28, 2019
အပန်းဖြေစရာ နေရာကောင်းတခုဖြစ်တဲ့ ရှမ်းပြည်နယ် ကလောမြို့ ပလောင်တောင် view point မှာ ဒီဇင်ဘာ ရုံးပိတ်ရက်အတွင်း ပြည်တွင်း ပြည်ပ လာရောက်အပန်းဖြေကြသူတွေ အလွန်များပြားနေပါတယ်။ ကလောမြို့ကို ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေက view point ကို မရောက်ရောက်အောင် သွားရောက် လည်ပတ်ကြတာပါ။  အဲ့ဒီ ပလောင်တောင်ထိပ် view point ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ လူတွေ လာရောက်လည်ပတ်ဖို့ကောင်းအောင် ဓာတ်ပုံရိုက်တဲ့ ရှုခင်းနေရာတွေကို ပြုလုပ်ပေးထားတာပါ။ လာရောက်လည်ပတ်သူတွေဟာ ဓာတ်ပုံရိုက်ပြီးပြန်ထွက်ကြတဲ့အတွက် ဆိုင်ရှင်တွေက ကူပွန်လုပ်ပြီး လာရောက်သူတိုင်း ကူပွန်ဝယ်ယူပြီး အစားအသောက် တခုခုအားပေးရမယ့်အစီစဉ်တွေ လုပ်လာကြပါတယ်။  အလားတူ လမ်းတလျှောက် ပလောင်ရိုးရာဝတ်စုံနဲ့ ဓာတ်ပုံရိုက်ချင်သူတွေအတွက် ဆိုင်ခန်းလုပ်ပေးထားသလို လိမ္မော်ခြံအတွင်း ဓာတ်ပုံဝင်ရိုက်ပါက ဒေသထွက်တခုခု အားပေးပြီးမှ ခွင့်ပြုကြတာပါ။  ခရီးသည်တွေများလာတဲ့အတွက် ဒေသခံတွေ အလုပ်အကိုင် ရရှိလာသလို ဒေသထွက်ကုန်တွေလည်း အဝေးကို သွားရောက်ရောင်းချဖို့ မလိုဘဲ အဆင်ပြေနေကြပါတယ်။ ကလောမြို့မှာ ဒီဇင်ဘာ ရုံးပိတ်ရက်အပြင် အခါကြီးရက်ကြီးတွေ သီတင်းကျွတ်၊ တန်ဆောင်တိုင် အားလပ်ရက်တွေလည်း ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024