Live
Home
မြန်မာသတင်း
နေရပ်ပြန် ကချင်စစ်ဘေးရှောင်များ ခရစ္စမတ်ပွဲတော် ကျင်းပ
DVB
·
December 26, 2019
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက နန်ဆန်ယန်ကျေးရွာလေးဟာ နေရပ်ပြန် စစ်ရှောင်တွေ ပြန်လည်အခြေချ နေထိုင်နေတဲ့ ရွာလေး ဖြစ်ပါတယ်။  ၂၀၁၁ ခုနှစ်ကစပြီး တကျော့ပြန်ဖြစ်လာတဲ့ တပ်မတော်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီရွာက ဒေသခံတွေဟာ စစ်ရှောင်စခန်းတွေဆီ ရောက်ခဲ့ရပြီး၊ အိုးအိမ်တွေကို ၈ နှစ်လောက် စွန့်ပစ်ခဲ့ရတာပါ။
အခုတော့ ဒီရွာလေးမှာ စစ်ရှောင်တွေ နေရပ်ပြန် အခြေချနေထိုင်ပြီး  ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တို့မှာ ခရစ္စမတ်နေ့ပွဲတော် ကျင်းပ‌ခဲ့ပါတယ်။ ‌ကျေးရွာမှာရှိတဲ့ တိုင်းရင်းသားတွေကလည်း ညီညီညွတ်ညွတ်နဲ့ စုပေါင်းဆောင်ရွက်ပြီး ခရစ္စမတ်ပွဲတော်ကို ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ လက်ရှိမှာ နမ့်ဆန်ယန်ကျေးရွာကို စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၁၀၀ နီးပါး ရောက်ရှိနေထိုင်နေကြတာပါ။ နောက်ထပ်လည်း အိမ်ထောင်စု ၈၀ ကျော် လာရောက်နေထိုင်ဖို့ ဆောင်ရွက်နေပါတယ်။
Photo - Yan Aung Htun / MPA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024